နိုင်ငံခြားသားတစ်ဦးလိုက်ပါလာသည့်ကား အမြန်လမ်း၌ တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး


တောင်ငူ မေ ၂၈

မေ ၂၈ ရက် နံနက် ၈ နာရီခွဲ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် (၁၃၇/၁) ဖာလုံ အနီးတွင် သီရိလင်္ကာနိုင်ငံသား တစ်ဦးလိုက်ပါလာသည့် ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဘာရီ ယာတုံးကိုကျော်ပြီး မြောင်း ချုံပေါ် သို့ တိမ်းမှောက်ခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း နိုင်ခန့်ဇော် (၂၂နှစ်) (၃၈)ရပ်ကွက်(မြောက်ဒဂုံ) ရန်ကုန်မြို့နေသူ မောင်းနှင်ပြီး သီရိ လင်္ကာနိုင်ငံသား Mr. Lasantha (၄၄ နှစ်) လိုက်ပါစီးနင်းလာသည့် SURF အမျိုးအစား မော်တော်ယာဉ် သည်အမြန်လမ်းမကြီးရှိ မိုင်တိုင် အမှတ်(၁၃၇/၁) ဖာလုံအနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဘာရီယာတုံးကိုကျော်ပြီး လမ်းဘေးမြောင်းချုံပေါ်သို့ တိမ်း မှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်မောင်း နိုင်ခန့်ဇော်သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံး ခဲ့သည်။ သီရိလင်္ကာနိုင်ငံသား Mr. Lasantha သည် ဒဏ်ရာများရရှိခဲ့ မှုကြောင့်အုတ်တွင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး(မစိုးရိမ်ရ)အခြေအနေဖြင့် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ဗောဓိကုန်း အမြန်လမ်းရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သူရ(တောင်ငူ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နိုင်ငံခြားသားတစ်ဦးလိုက်ပါလာသည့်ကား အမြန်လမ်း၌ တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး  နိုင်ငံခြားသားတစ်ဦးလိုက်ပါလာသည့်ကား အမြန်လမ်း၌ တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး Reviewed by သစ်ထူးလွင် on 12:20 Rating: 5
Powered by Blogger.