ဖွဲ့စည်းပုံပြင်ရေး ပြည်သူမထိခိုက်သည့်နည်းကို ရွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်တွေကို ပြင်ဖို့ ပြည်သူတွေ မနစ်နာ၊ မထိခိုက်တဲ့ နည်းကို ရွေးချယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

ဖွဲ့စည်းပုံ ပြင်ရေးကို ဥပဒေဘောင်အတွင်းက လုပ်မှာ ဖြစ်ပြီး ဆူပူလှုံ့ဆော် ဆန္ဒပြတဲ့နည်းနဲ့ မဟုတ်ဘဲ လုပ်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စဉ်းစားထားတာတွေကို ပြောသင့် ပြောထိုက်တဲ့အခါမှာ ပြောမယ်လို့ ဆိုပါတယ်။

ပူတာအို လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မေးမြန်းတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ပူတာအို လူထု စည်းရုံးရေး ခရီးစဉ်မှာ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်စတဲ့ ဒေသတွေ ပြည်သူတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ဓာတ်ပုံ – NLD Chairperson
ဖွဲ့စည်းပုံပြင်ရေး ပြည်သူမထိခိုက်သည့်နည်းကို ရွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော  ဖွဲ့စည်းပုံပြင်ရေး ပြည်သူမထိခိုက်သည့်နည်းကို ရွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 09:46 Rating: 5
Powered by Blogger.