စစ်ခုံရုံး ဆုံးဖြတ်ချက် ကိုပါကြီး ဇနီး ကန့်ကွက်

ကိုပါကြီးဇနီး မသန္တာကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA
အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမူကို တပ်မတော်စစ်ခုံရုံးက ဆုံးဖြတ်ချက် ပေးလိုက်တာဟာ တရားမျှတမူမရှိတာကြောင့် ပြန်လည် စိစစ်ဆောင်ရွက်ပေးဖို့ ဇနီးဖြစ်သူ မသန္တာက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မနေ့က နေ့စွဲနဲ့ ကန့်ကွက်အသနားခံစာ ရေးသားပေးပို့လိုက်ပါတယ်။

အဲ့ဒီစာမှာ တပ်မတော်စစ်ခုံရုံး ဆုံးဖြတ်ချက်ကြောင့် အရပ်သားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဖော်ပြ ထားတယ်လို့ မသန္တာက ပြောပါတယ်။

ကိုပါကြီးအသတ်ခံရမူနဲ့ ပတ်သက်ပြီး သေမူသေခင်း စစ်ဆေးချက်တွေကို ကျိုက်မရောမြို့နယ် တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း၊ ကိုပါကြီးသေဆုံးခဲ့ရတဲ့အမှုမှာ တာဝန်ရှိသူတွေအဖြစ် စစ်ဆေးခံနေရသူ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ကို  စစ်ခုံရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

အဲ့ဒီလို လွှတ်ပေးခဲ့ရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရည်ညွန်းထားတာကြောင့် အဲ့ဒီဖွဲ့စည်းပုံဟာ တပ်မတော်သားတွေကိုသာ အကာအကွယ်ပေးပြီး အရပ်သားတွေကို အကာအကွယ် မပေးတဲ့ အဓိပ္ပာယ် သက်ရောက်စေတယ်လို့ မသန္တာက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ခုံရုံး ဆုံးဖြတ်ချက် ကိုပါကြီး ဇနီး ကန့်ကွက်  စစ်ခုံရုံး ဆုံးဖြတ်ချက် ကိုပါကြီး ဇနီး ကန့်ကွက် Reviewed by သစ်ထူးလွင် on 09:50 Rating: 5
Powered by Blogger.