Nimrud ရှေးဟောင်းမြို့ကို ဖျက်ဆီးတဲ့ ဗီဒီယိုကို IS ဖြန့်ချီ

IS အဖွဲ့က ရှေးဟောင်းမြို့အတွင်းက အနုပညာ လက်ရာတွေကို ဖျက်ဆီးနေစဉ် (Credit: ABC licensed) 
အီရတ်နိုင်ငံ ​မြောက်ပိုင်းက ​Nimrud ​ဆိုတဲ့ ​Assyrian ​ရှေးဟောင်း ​မြို့ကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​ဖျက်ဆီး ​လိုက်တဲ့ ​ဗီဒီယိုကို ​IS ​အဖွဲ့က ​ဖြန့်ချီလိုက်ပါတယ်။

အဲဒီ ​ဗီဒီယိုကို ​IS ​အဖွဲ့က ​ပြီးခဲ့တဲ့ ​စနေနေ့တုန်းက ​တင်ထားတာဖြစ်ပြီး ​အဲဒီ ​ရှေးဟောင်းမြို့ဟာ ​Mosul ​မြို့နဲ့ ​၃၀ ​ကီလိုမီတာ ​အကွာမှာ ​ရှိတဲ့ ​Tigris ​မြစ်ပေါ်မှာ ​တည်ရှိတာ ​ဖြစ်ပါတယ်။

ရှေ့ဟောင်းမြို့အတွင်းက ​အနုပညာ ​လက်ရာတွေ၊ ​ရုပ်ထုတွေကို ​IS ​အဖွဲ့က ​ဖျက်ဆီးလိုက်ပါတယ်။

အဲဒီနောက် ​ရှေးဟောင်းမြို့တခုလုံး ​ပြားကျသွားအောင် ​မိုင်းတွေထောင်ပြီး ​ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ ​ဗီဒီယိုကို ​တင်ထားပါတယ်။

အဲဒီမြို့ကို ​IS ​အဖွဲ့က ​ဖျက်ဆီးလိုက်တဲ့ ​သတင်းတွေ ​အရင်လကတည်းက ​ထွက်ပေါ်ခဲ့ပေမယ့် ​ဗီဒီယိုကတော့ ​ဒီရက်ပိုင်းမှာ ​ထွက်ပေါ်လာတာပါ။

အဲဒီ ​ဖျက်ဆီးမှုမှာ ​ပါဝင်တဲ့ ​IS ​အဖွဲ့ဝင် ​တစ်ဦးကတော့ ​ဒီလို ​ရုပ်ထု ​ကိုးကွယ်မှုတွေကို ​ဘယ်နေရာမှာပဲ ​ဖြစ်ဖြစ် ​ဖျက်ဆီးပစ်လိုက်မယ်လို့ ​ပြောဆိုထားပါတယ်။

နောက်တစ်ယောက်ကတော့ ​ဘုရားရှင်လို ​မြင့်မြတ်တဲ့ ​နေရာကို ​ရယူထားတဲ့ ​အရာမှန်သမျှကို ​ဖျက်ဆီးဖို့ ​ဘုရားရှင်က ​IS ​အဖွဲ့ကို ​ခိုင်းစေနေတာ ​ဆိုပြီးတော့လည်း ​ပြောဆိုထားပါတယ်။

အဲဒါကြောင့် ​ဘုရားရှင်လို ​မြင့်မြတ်တဲ့ ​နေရာကို ​ယူထားတဲ့ ​ဆင်းတုတွေကို ​ဖျက်ဆီးပစ်နေတာလို့ ​ပြောပါတယ်။

အဲဒီ ​Assyrians ​ရှေးဟောင်းမြို့မှာ ​ခရစ်တော်မတိုင်ခင် ​ဘီစီ ​၁၃ ​ရာစုမှာ ​တည်ထောင်ထားတဲ့ ​မြို့ဟောင်းဖြစ်ပြီး ​ယနေ့ခေတ်လူသားတွေရဲ့ ​နေထိုင်မှု ​အစကို ​ဖော်ပြပေးတဲ့ ​နေရာအဖြစ် ​အသိအမှတ် ​ပြုခံရတဲ့ ​ရှေးဟောင်းမြို့ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ​ရှေးဟောင်းအမွေအနှစ် ​စာရင်းထဲ ​ထည့်သင့်မသင့် ​စဉ်းစားထားတဲ့ ​မြို့လည်း ​ဖြစ်ပါတယ်။

IS ​အဖွဲ့ဟာ ​အရင်တလောတုန်းကလည်း ​Mosul ​မြို့က ​အမျိုးသား ​ပြတိုက်ကို ​ဖျက်ဆီးထားတဲ့ ​ဗီဒီယိုကိုလည်း ​ဖြန့်ချီခဲ့ဖူးပါတယ်။

ဒီလို ​ဖျက်ဆီးမှုတွေဟာ ​၂၀၀၁ ​ခုနှစ်တုန်းက ​တာလီဘန်တွေက ​အာဖဂန်နစ္စတန်နိုင်ငံရှိ ​ဗုဒ္ဓရုပ်ပွားတော်ကြီး ​တစ်ခုကို ​ဖျက်ဆီးထားတာနဲ့ ​ဆင်တူနေတယ်လို့ ​ပြောဆိုကြပါတယ်။

ဒါဟာ ​စစ်ရာဇဝတ်မှု ​မြောက်တယ်လို့လည်း ​ယူနက်စကို ​အဖွဲ့က ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဖောက်ခွဲမှုကို ​ဗီဒီယိုဖြင့် ​ကြည့်ရှုရန်
Nimrud ရှေးဟောင်းမြို့ကို ဖျက်ဆီးတဲ့ ဗီဒီယိုကို IS ဖြန့်ချီ Nimrud ရှေးဟောင်းမြို့ကို ဖျက်ဆီးတဲ့ ဗီဒီယိုကို IS ဖြန့်ချီ Reviewed by သစ်ထူးလွင် on 08:27 Rating: 5
Powered by Blogger.