ဗုံးအန္တရယ်ကြောင့် Germanwings ခရီးသည်တွေကို ဖယ်ရှားခဲ့

ဂျာမနီကနေ အီတလီနိုင်ငံ ပျံသန်းမယ့် Germanwings လေယာဉ် ပျံသန်းမှုကို ခေတ္တ ရပ်ဆိုင်းထား (Credit: AFP) 
 ဂျာမနီနိုင်ငံ ​Cologne ​Bonn ​လေဆိပ် ​ကနေ ​အီတလီနိုင်ငံကို  ​သွားမယ့် ​လေယာဉ်ပေါ်မှာ ​ဗုံးရှိတယ် ​ဆိုတဲ့ ​ခြိမ်းခြောက်မှုကြောင့် ​ခရီးသည် ​အားလုံးကို ​ဖယ်ရှားခဲ့ရတယ်လို့ ​Germanwings ​လေကြောင်းလိုင်းက ​ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကပဲ ​Germanwings ​လေယာဉ်မှူးက ​အီတလီနိုင်ငံ ​မီလန် ​မြို့ကို ​ပျံသန်းဖို့ ​လေယာဉ် ​လမ်းကြောင်းပေါ် ​တက်နေတုန်း ​လေယာဉ် ​ပျံသန်းမှုကို ​ရပ်တန့်ဖို့ ​အမိန့်ပေးလာတဲ့အတွက် ​ရပ်တန့်ခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ ​ဗုံးရှိတယ် ​ဆိုတဲ့ ​ခြိမ်းခြောက်မှုကြောင့် ​ရဲတွေက ​ရပ်နားခိုင်းခဲ့တာ ​ဖြစ်ပြီး ​လေယာဉ်ပေါ်က ​အိတ်တွေကို ​ရှာဖွေကြည့်ရာမှာ ​သင်္ကာ ​မကင်းစရာတွေ ​မတွေ့ခဲ့ရဘူးလို့ ​ဆိုပါတယ်။

လေယာဉ်ပေါ် ​လိုက်ပါလာတဲ့ ​ခရီးသည် ​၁၂၆ ​ယောက်နဲ့ ​အမှုထမ်း ​၆ ​ယောက်စလုံးကို ​လေယာဉ်ပေါ်ကနေ ​ဆင်းခိုင်းခဲ့တာ ​ဖြစ်ပါတယ်။

Germanwings ​လေယာဉ် ​A320 ​ပြင်သစ်နိုင်ငံထဲ ​ထိုးကျသွားတဲ့နောက်ပိုင်း ​Germanwings ​လေကြောင်းလိုင်းနဲ့ ​ပတ်သက်တဲ့ ​သတင်းတွေကို ​အာရုံစိုက်နေကြတာ ​ဖြစ်ပါတယ်။

အဲဒီ ​လေယာဉ်ဟာ ​မတ်လ ​၂၄ ​ရက်နေ့တုန်းက ​ထိုးကျသွားတာဖြစ်ပြီး ​လက်ထောက် ​လေယာဉ်မှူးက ​တမင်တကာကို ​ထိုးချခဲ့တယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗုံးအန္တရယ်ကြောင့် Germanwings ခရီးသည်တွေကို ဖယ်ရှားခဲ့  ဗုံးအန္တရယ်ကြောင့် Germanwings ခရီးသည်တွေကို ဖယ်ရှားခဲ့ Reviewed by သစ်ထူးလွင် on 08:30 Rating: 5
Powered by Blogger.