မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် နောက်ဘီးပေါက်ကာ ချောက်ထဲထိုးကျ တိမ်းမှောက်


ယာဉ်ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်

နေပြည်တော်၊ ဧပြီ ၆

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တေလးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ အေးကျော်(၄ဝ)နှစ်မောင်းနှင်လာသည့် AA/xxxx Probox အဖြူရောင်ယာဉ်သည် ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသား လမ်းဘေးရှိ ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အေးကျော်၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တစ်ရပ်တည်းနေ ဒေါ်ခင်မာလွင် (၃၈)နှစ်ပါ (၅)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် အေးကျော်အား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် နောက်ဘီးပေါက်ကာ ချောက်ထဲထိုးကျ တိမ်းမှောက်   မိုင်တိုင်အမှတ်(၃၁၆/၃-၄)ကြားတွင် နောက်ဘီးပေါက်ကာ ချောက်ထဲထိုးကျ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 21:26 Rating: 5
Powered by Blogger.