မိုင်တိုင်အမှတ်(၁၄၉/၇)နှင့် (၁၅ဝ/ဝ)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဒဏ်ရာရ

 ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၆

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၄၉/၇)နှင့် (၁၅ဝ/ဝ)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်နေ စစ်ပူ(၃၇)နှစ် မောင်းနှင်လာသည့် 8J/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည် လမ်းလယ်ကျွန်းဖြတ်သို့ ကွေ့ရန် အချက်ပြမီးပြစဉ် နောက်မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ဇေယျာဝင်း(၃၂)နှစ် မောင်းနှင်လာသော 7C/xxxx မတ်တူး အဖြူရောင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့၍ လိုက်ထရပ်ယာဉ်မှာ တိမ်းမှောက်သွားကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် မတ်တူး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ လိုက်ထရပ်ယာဉ်မောင်း စစ်ပူ၊ ယာဉ်ပေါ်ပါ ရေတာရှည်မြို့၊ (၃)ရပ်ကွက်နေ အောင်မျိုးဝင်း(၂၅)နှစ်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် စစ်ပူနှင့် ဇေယျာဝင်း တို့အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၁၄၉/၇)နှင့် (၁၅ဝ/ဝ)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဒဏ်ရာရ   မိုင်တိုင်အမှတ်(၁၄၉/၇)နှင့် (၁၅ဝ/ဝ)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:24 Rating: 5
Powered by Blogger.