သင်္ဘောသား ၁၆ ဦးရဲ့ အလောင်း မြန်မာပြန်ရောက်


 ရုရှားပိုင် ​သင်္ဘော ​နစ်မြုပ်ရာက ​သေဆုံးသွားတဲ့ ​မြန်မာနိုင်ငံသား ​၁၆ ​ယောက်ရဲ့ ​အလောင်း ​ဒီကနေ့ ​မြန်မာနိုင်ငံကို ​ပြန်ရောက်လာပြီ ​ဖြစ်ပါတယ်။

တောင်ကိုရီးယား ​လေယာဉ်ကို ​စင်းလုံးငှားပြီး ​သယ်ဆောင်လာတာ ​ဖြစ်ပါတယ်။

ရုရှားပိုင် ​Dalny ​Vostok ​ဆိုတဲ့ ​သင်္ဘော ​နစ်မြုပ်ခဲ့ရာက ​မြန်မာ ​အယောက် ​၂၀ ​သေဆုံးပြီး ​၁၆ ​ယောက်ရဲ့ ​အလောင်းကိုသာ ​ရရှိထားတာပါ။

ဧပြီလ ​၂ ​ရက်မှာ ​နစ်မြုပ်ခဲ့တဲ့ ​သင်္ဘောပေါ်မှာ ​လူပေါင်း ​၁၃၂ ​ယောက် ​လိုက်ပါလာခဲ့တာ ​ဖြစ်ပါတယ်။

၆၃ ​ယောက်ကို ​ကယ်ဆယ်နိုင်ပြီး ​လူပေါင်း ​၅၇ ​ယောက်ရဲ့ ​အလောင်းကို ​တွေ့ရှိခဲ့ပါတယ်။ ​အခုအချိန်အထိ ​မြန်မာ ​နိုင်ငံသား ​၄ ​ဦးအပြင် ​လူပေါင်း ​၁၀ ​ယောက်ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

သင်္ဘောပေါ်လိုက်ပါသွားတဲ့ ​မြန်မာသင်္ဘောသား ​၂၂ ​ယောက် ​အသက်ရှင်ကျန်ရစ်ခဲ့ပြီး ​ပြီးခဲ့တဲ့ ​တပါတ်တုန်းကပဲ ​မြန်မာနိုင်ငံကို ​ပြန်ရောက်လာပြီ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​ရောက်ရှိလာတဲ့ ​အလောင်းကို ​သဂြိုလ်ဖို့ ​ကိစ္စ၊ ​လျော်ကြေးပေးဖို့ ​ကိစ္စတွေကိုလည်း ​လုပ်ဆောင်နေကြပါတယ်။

Vanuatu ​နိုင်ငံသား ​သင်္ဘောသား ​၃ ​ယောက်ရဲ့ ​အလောင်းကိုလည်း ​မြန်မာနိုင်ငံသား ​အလောင်းတွေနဲ့ ​အတူ ​လေယာဉ် ​တစ်စင်းထဲ ​ပို့ဆောင်ဖို့ ​စဉ်းစားခဲ့ကြပေမယ့် ​လမ်းကြောင်းက ​ရှုတ်ထွေးတဲ့အတွက် ​အစီအစဉ်ကို ​ဖျက်လိုက်ရပါတယ်။

Vanuatu ​နိုင်ငံသား ​အလောင်းတွေကို ​ရုရှားကနေ ​သြစတြေးလျကို ​ပို့ဆောင်ပြီးမှ ​ပစိဖိတ်က ​Vanuatu ​နိုင်ငံကို ​ပို့ဆောင်နိုင်မှာ ​ဖြစ်ပါတယ်။ ​ကွယ်လွန်သူ ​Latvia ​နိုင်ငံသား ​တစ်ဦးရဲ့ ​အလောင်းကိုတော့ ​ပြန်လည်ပို့ဆောင်ခဲ့ပြီ ​ဖြစ်ပါတယ်။

အသက်ရှင် ​ကျန်ရစ်သူ ​Vanuatu ​နိုင်ငံသား ​နှစ်ယောက်နဲ့ ​Latvia ​နိုင်ငံသား ​နှစ်ယောက်ကိုလည်း ​ဆိုင်ရာ ​နိုင်ငံကို ​ပြန်ပို့နိုင်ပြီ ​ဖြစ်ကြောင်း ​Interfax ​သတင်းမှာ ​ပါရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သင်္ဘောသား ၁၆ ဦးရဲ့ အလောင်း မြန်မာပြန်ရောက်  သင်္ဘောသား ၁၆ ဦးရဲ့ အလောင်း မြန်မာပြန်ရောက် Reviewed by သစ်ထူးလွင် on 13:55 Rating: 5
Powered by Blogger.