နီပေါငလျင်တွင် မိသားစုတစ်စု ၁၈ဦးသေဆုံး


ခတ္တမန္ဒူ ဧပြီ ၂၉

နီပေါနိုင်ငံ ခတ္တမန္ဒူတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် မိသားစုတစ်စုမှ မိသားစု ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းဌာနကဖော်ပြထားသည်။

အဆိုပါမိသားစု သည် နေအိမ်တစ်လုံးတွင် ဆွေမျိုးသားချင်း ၃ဝခန့် စုပေါင်းနေထိုင်ခဲ့ကြောင်းနှင့် ငလျင်ကြောင့် အိမ်ပြိုကျစဉ်တွင် ၁၈ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ အတည်ပြုချက်အရ နီပေါငလျင်ကြောင့် သေဆုံးစာရင်းမှာ ၅ဝဝဝ ခန့်ရှိလာခဲ့ပြီး ရှာဖွေမှု များနှင့်အတူ သေဆုံးစာရင်းထပ်တိုးလျက်ရှိကြောင်းသိရသည်။

 သေဆုံးသူများကို ခတ္တမန္ဒူမြစ်ကမ်းဘေးတွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ပြာများကို မြစ်အတွင်းသို့မျှောရာ ခတ္တမန္ဒူ ကောင်းကင်ပေါ်တွင် မီးသင်္ဂြိုဟ်ခြင်းကြောင့်ထွက်ပေါ်လာသည့်မီးခိုးများ အုံ့ဆိုင်းလျက် ရှိကြောင်းသိရသည်။

မိသားစုဝင် ၁၈ဦးဆုံးရှုံးခဲ့သည့် အသက် (၆၈)နှစ်အရွယ် ဖခင် ဖြစ်သူက ''ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ ကိုမှ ဒေါသမထွက်ပါဘူး။ အစိုးရကိုဒေါသမထွက်သလို နတ်ဘုရားတွေကိုလဲ ဒေါသ မထွက်ပါဘူး'' ဟု မျက်ရည်များနှင့်ပြောသည်ဟု အေပီသတင်းဌာနကဖော်ပြထားသည်။

နေအိမ်တစ်ခုတည်းတွင် ဆွေးမျိုးသားချင်း ၃ဝ စုစည်းနေထိုင်ခြင်းမှာ သီတင်း တစ်ပတ်ကြာမြင့်မည့် ဟိန္ဒူရိုးရာစုပေါင်းဝတ်ပြုဆုတောင်းပွဲကျင်းပရန်အတွက် ရောက် ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

 ငလျင်လှုပ်ချိန်တွင် တစ်အိမ်လုံးရမ်းခါသွားခဲ့ပြီး ၄င်း မှာ ကံကောင်းထောက်မစွာဖြင့် အိမ်အပြင်ဘက်သို့ အရှိန်နှင့်လွင့်ထွက်သွားခဲ့ခြင်းကြောင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပေါ်တွင် ပြေးလွှာအော်ဟစ်သည့်အသံများဖြင့် ကမ္ဘာပျက်နေခဲ့ကြောင်းပြောသည်။ ဆွေမျိုးသားချင်း ၃ဝထဲမှ အသက်မသေဘဲ လွတ် မြောက်လာသူများထဲတွင် ပြိုကျသည့်အိမ်အတွင်းပိတ်မိနေသည့် ကလေးနှစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

အသက်ရှင်လွတ်မြောက်လာသူပရက်ဟန်က ''ဘယ်ကိုသွား၍ ဘာလုပ်ရမလဲဆိုတာ မကြံတတ်တော့ပါဘူး။ အကူအညီလဲ မရသေးပါဘူး။ အစိုးရက ရော ဘယ်လောက်ကူညီနိုင်မှာလဲ။ အစိုးရဆီမှာ ငွေကြေးရော၊အင်အားရောမရှိပါဘူး'' ဟုပြောကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြထားသည်။

T 1 P ( Ref: AP)
The Union Daily
http://uniondaily.net
နီပေါငလျင်တွင် မိသားစုတစ်စု ၁၈ဦးသေဆုံး  နီပေါငလျင်တွင် မိသားစုတစ်စု ၁၈ဦးသေဆုံး Reviewed by သစ်ထူးလွင် on 12:40 Rating: 5
Powered by Blogger.