အာဖဂန်အရှေ့ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် ၃၃ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

ဓာတ်ပုံ – ရိုက်တာ

 အာဖဂန်နစ္စတန် အရှေ့ပိုင်းက ဂျာလာလာဘတ်မြို့မှာ အသေခံဗုံးခွဲမှုကြောင့် လူ ၃၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

ဘဏ်တခုမှာ အစိုးရ ၀န်ထမ်းတွေ လစာထုတ်နေချိန်မှာ အသေခံ ဗုံးခွဲမှုဖြစ်တာလို့ မြို့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

အသေခံ ဗုံးခွဲသမားက ကိုယ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ပတ်ထားတာလား၊ ဒါမှမဟုတ် အသေခံ ကားဗုံးကွဲမှုလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

တာလီဘန်အဖွဲ့က အရင် ပေါက်ကွဲမှုတွေကို သူတို့ လက်ချက်လို့ ပြောပေမယ့် ဒီနေ့ ပေါက်ကွဲမှုကတော့ သူတို့ လက်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။

အာဖဂန်မှာ တာလီဘန်ခေတ်အလွန် လုံခြုံရေးအကူအညီပေးခဲ့တဲ့ နေတိုးတပ်ဖွဲ့ဟာ အခုအခါမှာတော့ အနည်းအကျဉ်းလောက်ပဲ ကျန်တော့တာဖြစ်လို့ အာဖဂန် တပ်တွေကပဲ နိုင်ငံ လုံခြုံရေးကို အဓိက တာဝန်ယူထားချိန် ဖြစ်ပါတယ်။

၂၀၀၁ နောက်ပိုင်းနှစ်တွေအတွင်း အာဖဂန်မှာ နေတိုးတပ်ဖွဲ့ အင်အား ၁ သိန်း ၃ သာင်းအထိ ရှိခဲ့ဖူးပြီး အခုတော့ သင်တန်ပေးဖို့ နောက်ချန်ထားတဲ့ ထောင်ဂဏန်းပဲ ကျန်တော့တာ ဖြစ်ပါတယ်။

  By ဒီဗွီဘီ
http://burmese.dvb.no

အာဖဂန်အရှေ့ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် ၃၃ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ  အာဖဂန်အရှေ့ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် ၃၃ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:20 Rating: 5
Powered by Blogger.