ရွေး​ကောက်​ပွဲ​စောင့်​ကြည့်​ရေး NLD နဲ့ တိုင်း​ရင်း​သား​ပါ​တီ​တွေ ပူးတွဲ​လု​ပ်မယ်

ရွေးကောက်ပွဲ စောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့တွေ မေလမှာ စဖွဲ့မယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ မဲ မသမာ မှု လို ကိစ္စတွေ မဖြစ်ပေါ် စေရေး နဲ့ လိုအပ် တဲ့ သတင်း အချက်အလက် တွေ ကို ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေး ပါတီ တွေ အချင်းချင်း ကြားထဲ ဝေမျှ နိုင်ဖို့ အတွက် ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသား ပါတီ တွေ ပူးပေါင်း ကာ နိုင်ငံ တဝှမ်း တိုင်းဒေသ ပြည်နယ် အသီးသီး မှာ အဖွဲ့တွေ ဖွဲ့ မယ် ဆိုပြီး သဘော တူလိုက် ပါတယ်။

အဲဒီ့ အဖွဲ့တွေ ကို လာမယ့် မေလ မှာ စတင် ဖွဲ့သွား မှာ ဖြစ်ပြီး အရပ်ဖက် လူမှု အဖွဲ့ တွေ နဲ့လည်း ချိတ်ဆက် ဆောင်ရွက် မယ် လို့ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌ ဦးယောသက် က ဘီဘီစီ ကို ပြောပါ တယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် အမျိုးသားပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင် အမျိုးသား ပါတီ စတဲ့ တိုင်းရင်းသား ပါတီ ၁၉ ပါတီ က ကိုယ်စားလှယ် တွေ နဲ့ NLD ကိုယ်စားလှယ် တွေ ၂ ရက်ကြာ တွေ့ဆုံ ခဲ့ကြပြီး အခုလို ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် စည်းကမ်း အရတော့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေဟာ နိုင်ငံရေး ပါတီ တွေ နဲ့ မသက်ဆိုင်ရ ပဲ ဘက်လိုက်မှု ကင်းရှင်း ရမယ် လို့ ဆိုထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ရွေး​ကောက်​ပွဲ​စောင့်​ကြည့်​ရေး NLD နဲ့ တိုင်း​ရင်း​သား​ပါ​တီ​တွေ ပူးတွဲ​လု​ပ်မယ် ရွေး​ကောက်​ပွဲ​စောင့်​ကြည့်​ရေး NLD နဲ့ တိုင်း​ရင်း​သား​ပါ​တီ​တွေ ပူးတွဲ​လု​ပ်မယ် Reviewed by သစ်ထူးလွင် on 09:18 Rating: 5
Powered by Blogger.