ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း


ထိုင်းကျောင်းသားနဲ့  လူငယ်တွေ အကြားမှာ အနောက်တိုင်းနိုင်ငံတွေ က လိင်ပိုင်းဆိုင်ရာ ရိုက်ကူးထားတဲ့ အုပ်စုလိုက် ကာမဆက်ဆံခြင်း ဇာတ်ကားတွေ ဟာ အွန်လိုင်းတွေမှာ အလွယ်တကူ ရှာကြည့်လို့ ရနေပါတယ်။

မြို့ ကြီးတွေမှာဆိုရင် အထူုးသဖြင့် နိုင်ငံခြားသားတွေနဲ့  ငွေသုံးနိုင်ဖြုန်းနိုင်တဲ့ လူတမ်းစားတွေက အွန်လိုင်းကနေ ကြော်ငြာထားပြီး နေအိမ်တလုံးမှာ မြွေမိတ်လိုက်တဲ့ ပါတီကို မိမိက တက်မယ်ဆိုရင် တည ၀င်ကြေးနဲ့  အမျိုးသမီး တဦးခေါ် လာရတယ်၊ ရှာလို့ မလွယ်ရင်လည်း စီစဉ်သူတွက ငွေကြေးနဲ့  အငှားရီးစား စီစဉ်ပေးတယ်။

မြွေပါတီမှာ မိမိကြိုက်ရာ ဆေးတွေသုံးစွဲဘို့  ငွေထုတ်ပါရင် ပြီးပါတယ်။

အဲလို လူ့ ယဉ်ကျေးမှုကို ဆန့် ကျင်တဲ့ နည်းတွေကို အတုခိုးပြီး သူ့ ရီးစား ကိုယ့်ရီးစား လဲပြီး လိင်ဆက်ဆံကြ တာတွေ ကျောင်းသားတွေ အကြားမှာ အတုခိုးမှာပြီး ထွန်းကားနေတာကြောင့် ထိုင်းနိုင်ငံ အနေနဲ့ အလေးထာပြီး စုံစမ်းဖေါ်ထုတ် အရေးယူ နေရပါပြီ။

ကားမစိတ်ပြင်းထန်တဲ့ ဆေးဝါးတွေသုံးစွဲပြီး လူငယ်တွေကြားမှာ ရီးစားများ အစုလိုက်ချိန်းတွေတဲ့ အလေ့ထတွေကို ယခုအခါမှာ ထိုင်းတက္ကသိုလ်ကျောင်း သားတွေတင် မကတော့ဘဲ အလယ်တန်း ကျောင်းသားလေးတွေ ကြားမှာတောင် ခေတ်စားနေတဲ့ အတွက် မိဘတွေလည်း စိတ်ထိခိုက်နေရပါတယ်။

မကြာသေးမှီ ပြည်သူတဦးက သတင်းပေးလို့  တည်းခိုခန်း တလုံးမှာ ချိန်းတွေ့ နေကြ တဲ့ ၁၃နှစ် အရွယ်
စုံတွေ လေးယောက်ကို အာဏာပိုင်တွေက အခန်းတွင်း ၀င်ရောက် ဖမ်းဆီး ခဲ့ရပါတယ်။

ခလေးတွေကို ခုလိုဖမ်းမိခဲ့တာဟာ ပထဆုံး အကြိမ် တော့ မဟုတ်ပါဘူး အင်တာနက်လိုင်းတွေက အုပ်စုလိုက် ကာမဆက်ဆံတာတွေ ကိုကြည့်ပြီး လွတ်လပ်စွာ တွေ့ နိုင်တဲ့ နေရာတွေကို စုံတွဲချင်း သဘောတူ ချိန်းတွေ့ ကြတာပါ။ ခလေးတွေ ခုလိုလာပြီး ချိန်းတွေနေတာ နှစ်ကြိမ်မက ရှိနေပါပြီလို့  ၀န်ခံခဲ့ကြပါတယ်။

အမိမြန်မာပြည်မှာ လူကြီးမိဘတွေ သတိထားနိုင်ကြဘို့  တင်ပြလိုက်ပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း Reviewed by သစ်ထူးလွင် on 09:18 Rating: 5
Powered by Blogger.