ဒက္ကားလေဆိပ် လေယာဉ်အိမ်သာထဲမှ ရွှေ ၁၈ kg ကျော် ဖမ်းမိ


မတ်လ ၃

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားလေဆိပ်တွင် စင်္ကာပူမှ ရောက်ရှိလာသော လေယာဉ် တစ်စီး အိမ်သာထဲမှ အလေးချိန် ရွှေ ၁၈ ဒသမ ၅ ကေစီ (kilograms) ရှိ ရွှေချောင်းများကို ရှာဖွေ ဖမ်းဆီးရမိသည်ဟု သိရသည်။

ယင်းရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၉၅ သန်း (မြန်မာကျပ်ငွေနှင့်ဆိုလျှင် ကျပ်သန်းပေါင်း ၁၀၀၀) ခန့်ရှိသည်ဟု သိရသည်။

အင်္ဂါနေ့ မနက် ၁၁ နာရီခန့်တွင်  Regent airways လေကြောင်း လေယာဉ်အား ဒက္ကားလေဆိပ်တွင် ရပ်နားထားစဉ် သတင်းအရ တက်ရောက်ရှာဖွေရာမှ အိမ်သာထဲတွင် ယင်းရွှေများကို ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိခဲ့သည်ဟု အ ကောက်ခွန်အရာရှိ Qazi Mohammad Ziauddin က ပြောသည်။

သယ်ယူလာသူ ရွှေမှောင်သမားများအားသက်ဆိုင်ရာက ရှာဖွေနေသည်ဟု ဘင်္ဂလာမှ လာသော
သတင်းများတွင် ဖော်ပြသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
ဒက္ကားလေဆိပ် လေယာဉ်အိမ်သာထဲမှ ရွှေ ၁၈ kg ကျော် ဖမ်းမိ ဒက္ကားလေဆိပ် လေယာဉ်အိမ်သာထဲမှ ရွှေ ၁၈ kg ကျော် ဖမ်းမိ Reviewed by သစ်ထူးလွင် on 20:10 Rating: 5
Powered by Blogger.