ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်


မတ်လ ၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စခန်းမှူးတစ်ဦးကို တပ်သား တစ်ဦးက ယနေ့ နံက်နက်က သူကိုင်ဆောင်ထားသော ရိုင်ဖယ် သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ဒီနေ့မနက်က ဖြစ်တာပါ။ တခြား တပ်က အရာရှိတွေနဲ့ ၀ိုင်းဖွဲ့ လဘက်ရည် သောက်နေတာကို နောက်ကနေ အနီးကပ် ပစ်သတ်သွားတာပါ။ တစ်ချက်တည်းပါ” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူး တင်လှ ဖြစ်ပြီး သေနတ်နှင့် ပစ်သတ်သူမှာ ရဲတပ်သား ကျော်ထွန်းနိုင် ဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီ ခန့်က ဖြစ်ပွားခဲ့ကြောင်း သူက ပြောဆိုသည်။

“ စခန်းမှူးက သူ့အပေါ် ဆရာ တပည့်အနေနဲ့ ဆိုဆုံးမတာတွေ ရှိတဲ့ အပေါ် မကျေနပ်တဲ့ အတွက် တပ်သား ကျော်ထွန်းနိုင်က ပစ်တာပါ။ လက်ဝဲဘက်ချိုင်းအောက်ကနေ လက်ယာဘက်ချိုင်းအောက်ကို ကျည်ဆံ ဖောက်ထွက်ကာ အဲဒီ အပစ်ခံရတဲ့ နေရာမှာပဲ ပွဲချင်းပီး သေဆုံးသွားခဲ့ပါတယ်” ဟု ရဲမှူးက ပြောဆိုသည်။

လူသတ်ရားခံ ကျော်ထွန်းနိုင်အား ဒုမြို့နယ်မှူးက ၀င်လုံးဖမ်းဆီးရာမှ လက်နက်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ် ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ် Reviewed by သစ်ထူးလွင် on 20:12 Rating: 5
Powered by Blogger.