ကားနှစ်စီး မျက်နှချင်းဆိုင်တိုက်မိ ၊ တစ်ဦးသေဆုံး


မြင်းမူ မတ် ၂၄

မြင်းမူမြို့နယ် နဘဲကြူးဇရပ်အနီး မန္တလေး-မုံရွာကားလမ်း မိုင်တိုင်(၄၁/၅)နှင့် (၄၁/၆)ကြား၌ မတ် ၂၃ ရက် နံနက် ၁၁ နာရီခန့်က မုံရွာဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မဝတ်ရည်မြင့်သွယ် မောင်းနှင်ပြီး မသင်းသင်းရီ၊ မအေးအေးသင်းတို့လိုက်ပါသည့် 2D/---မတ်တူး ငွေမှင်ရောင်ကားနှင့် မန္တလေးဘက်မှ ယာဉ်မောင်း အောင်ဇော်လတ် မောင်းနှင်လာသော YGN 9H/----ကင်ဒါအဖြူရောင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိကြပြီး ယာဉ်ပေါ်ပါ မသင်းသင်းရီမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ယာဉ်မောင်း မဝတ်ရည်မြင့်သွယ်၊ မအေးအေးသင်းနှင့် ယာဉ်မောင်း အောင်ဇော်လတ်တို့တွင် ဒဏ်ရာများရရှိခဲ့ကြရာ ဒဏ်ရာရလူနာများကို မြင်းမူ ဆေးရုံသို့ ပို့ထားပြီး မြင်းမူမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားနှစ်စီး မျက်နှချင်းဆိုင်တိုက်မိ ၊ တစ်ဦးသေဆုံး ကားနှစ်စီး မျက်နှချင်းဆိုင်တိုက်မိ ၊ တစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 04:45 Rating: 5
Powered by Blogger.