ဂျာမန် လေယာဉ် ပျက်ကျမှု အသက်ရှင်သူ မရှိ


ပြင်သစ်နိုင်ငံ တောင်ပိုင်းက အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျသွားတဲ့ Germanwings လေကြောင်းပိုင် ရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းကို ရှာတွေ့ခဲ့ပြီလို့ ပြင်သစ် ပြည်ထဲရေး ၀န်ကြီးက ပြောပါတယ်။

ဒါပေမယ့် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လေယာဉ်ကနေ အန္တရာယ် ကြုံတွေ့တဲ့ အချက်ပြမှုကို ပို့လွှတ်တာမျိုး၊ အကူအညီ တောင်းခံတာမျိုးလည်း မရှိခဲ့ပါဘူး။ လေယာဉ်ကနေ အကူအညီ တောင်းခံခဲ့တယ်လို့ အစောပိုင်းက သိရှိရတဲ့ သတင်းက မှန်ကန်မှု မရှိပါဘူး။

ခရီးစဉ် 4U 9525 လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာ မြို့ကနေ ဂျာမနီနိုင်ငံ ဒူးဆဲလ်ဒေါ့ဖ်ကို ပျံသန်းစဉ် ပြင်သစ်တောင်ပိုင်း အဲလ်ပ် တောင်းတန်းပေါ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး တို့ လိုက်ပါသွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဂျာမန် ကျောင်းသားငယ် ၁၆ ဦးလည်း အပါအ၀င် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက ၀မ်းနည်း တုန်လှုပ်ကြောင်း ဖော်ပြ ပြောဆိုခဲ့ပါတယ်။

လေယာဉ် ပျက်ကျတဲ့ နေရာက သွားရောက်ဖို့ ခက်ခဲတဲ့ လျှိုမြောင်ထူထပ်တဲ့ နေရာ ဖြစ်ပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ခက်ခက်ခဲခဲ သွားရောက်နေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဂျာမန် လေယာဉ် ပျက်ကျမှု အသက်ရှင်သူ မရှိ ဂျာမန် လေယာဉ် ပျက်ကျမှု အသက်ရှင်သူ မရှိ Reviewed by သစ်ထူးလွင် on 04:45 Rating: 5
Powered by Blogger.