ကျောင်းသားသပိတ် မထွက်ခွာနိုင်သေး (11:15 am update)

ဓာတ်ပုံ - ကောင်းထက်ကျော်
လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ် စတင်ထွက်ခွာဖို့ ၄ယောက်တတန်း တန်းစီနေတုန်းမှာပဲ မြို့မိမြို့ဖလို့ ပြောဆိုသူများက ၁၀တန်းစာမေးပွဲ နီးနေလို့ ဆူညံမှုမလုပ်ဖို့ အသံချဲ့စက်နဲ့ အော်ပြောနေပါတယ်။ ပဲခူးနယ်လုံဝန်ကြီးက ဒုတိယအကြိမ် ခေါ်ယူဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်
ကျောင်းသားတွေ ထိုင်သပိတ် ပြန်လုပ်နေဆဲ (11:20 am update)

လက်ပံတန်းမှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းကို ၄ ယောက်တတွဲနဲ့ စစ်ကြောင်းအတိုင်း ဖြတ်ဖို့ ခွင့်ပြုအပြီးမှာ အာဏာပိုင်ဘက်က အချက်တချို့ကို မလိုက်လျောနိုင်လို့ ကျောင်းသားတွေက ထိုင်သပိတ် ဆက်လက် ပြုလုပ်နေပါတယ်။ ပဲခူးတိုင်း နယ်လုံဝန်ကြီး ဘက်ကနေ လက်ပံတန်း ပြည်လမ်းမ တာဆုံအထိ လမ်းလျှောက် ချီတက်ခွင့်မပြုတာ၊ အလံထောင်ခွင့်နဲ့ ကြွေးကြော်သံတွေတိုင်ဖို့ ခွင့်မပြုကြောင်း ပြောဆိုလာလို့ ကျောင်းသားတွေ ရှေ့ဆက် မချီတက်နိုင်ဘဲ ဖြစ်နေပါတယ်။ နယ်လုံဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် ပြန်လည်ညှိနှိုင်းရာမှာ ကျောင်းသားတွေက လက်မခံခဲ့ဘူးလို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်း ထောက်က ပြောပါတယ်။ အဲဒီအတွက်ကြောင့် နယ်လုံဝန်ကြီးနဲ့ အထက်ကို ပြန်လည် တင်ပြပေးမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေက စောင့်ဆိုင်းနေပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews

ကျောင်းသားသပိတ် မထွက်ခွာနိုင်သေး (11:15 am update) ကျောင်းသားသပိတ် မထွက်ခွာနိုင်သေး (11:15 am update) Reviewed by သစ်ထူးလွင် on 11:23 Rating: 5
Powered by Blogger.