ကျောင်းသားတွေ အကြမ်းမဖက်ဖို့ ဧရာဝတီသပိတ် စစ်ကြောင်း တောင်းဆို

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်။ Photo: ဧရာဝတီ သပိတ်စစ်ကြောင်း
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ ရင်ဆိုင် ဖြေရှင်းရာမှာ အကြမ်းဖက်တဲ့ နည်းလမ်းတွေ မသုံးဖို့ နိုင်ငံတော်သမ္မတထံ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းက တင်ပြလိုက်ပါတယ်။

အကြမ်းဖက်တဲ့နည်းလမ်းတွေ သုံးတဲ့အတွက် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းရကြောင်း နိုင်ငံတော်သမ္မတထံ တင်ပြတာဖြစ်တယ်လို့ ဧရာဝတီ သပိတ် စစ်ကြောင်းမှာ ပါဝင်တဲ့ သရုပ်ပြဆရာ ဦးဝေယံအောင် က ပြောပါတယ်။

"အကြံပြုချက်တွေမှာတော့ ခေတ်အဆက်ဆက်မှာ ကျောင်းသားတွေ သွေးကြောင်း စီးတာတွေဖြစ်ခဲ့တယ်၊ အကြမ်းဖက်တွေသုံးတဲ့အတွက် တိုင်းပြည်ရဲ့ မျက်နှာ၊ တိုင်းပြည် ရဲ့သိက္ခာကလဲတော်တော်ကို ဆုံးရှုံးခဲ့တယ်၊ အကျိုးစီးပွားတွေလဲဆုံးရှုံးခဲ့တယ်၊ ဒါတွေ အကုန်လုံးကိုလုံးဝမဖြစ်စေချင် ဘူး၊ နောက်တစ်ခုကတော့ ၅ ရက် ၃ လ ၂၀၁၅ မှာ ဖြစ်တဲ့ကိစ္စဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတဲ့ပဋိပက္ခကြီးကို ဖိတ်ခေါ်နေတဲ့အရိပ် အယောင်မျိုးတွေရှိနေတယ်၊ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ်ဖြေရှင်းတဲ့ဟာကိုတော့ အဲ့ဒါတွေအားလုံးအဆုံးသတ်စေမယ့် အဖြေမျိုးဖြစ်သင့်တယ်ဆိုတာမျိုးကို အကြံပေးတာပါ  "

သပိတ်စစ်ကြောင်းက စာကို မအူပင်ကျောင်းသားသမဂ္ဂနဲ့ ဟင်္သတ ခရိုင်ကျောင်းသား သမဂ္ဂတို့က နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်ဘ်ကနေ တဆင့်ပေးပို့ ခဲ့တာဖြစ်ပါတယ်။

လက်ပံတန်းမြို့မှာ ပိတ်မိနေတဲ့ ပင်မသပိတ်စစ်ကြောင်းက မတ် ၁၀ ရက်နေ့ ၁၀ နာရီနောက်ဆုံးထားပြီး ပိတ်ဆို့မှုတွေဖယ်ရှားပေးဖို့ တောင်းဆိုထား တာကြောင့် အစိုးရနဲ့ ကျောင်းသားတွေအကြား ထိပ်တိုက်တွေ့ဆုံမှာကို စိုးရိမ်ကြောင်းလည်း အဲ့ဒီအကြံပြုစာမှာ ဖော်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားတွေ အကြမ်းမဖက်ဖို့ ဧရာဝတီသပိတ် စစ်ကြောင်း တောင်းဆို ကျောင်းသားတွေ အကြမ်းမဖက်ဖို့ ဧရာဝတီသပိတ် စစ်ကြောင်း တောင်းဆို Reviewed by သစ်ထူးလွင် on 11:14 Rating: 5
Powered by Blogger.