နာနတ်တောလမ်းဆုံ လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

၁.၂.၂၀၁၅ ရက်နေ့ ၁၉၂၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ် ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုဝင်းဇော်(၂၇)နှစ် မောင်းနှင်လာသော 4C ---- ကယ်ရီနားဗင် ကိုယ်ပိုင်ယာဉ်သည် နာနတ်တောလမ်းဆုံ အလွန်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ ကမာရွတ်မြို့နယ်နေ ဦးစိုးသန်း(၅၅)နှစ်အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဦးစိုးသန်းမှာ ၀ဲနားသွေးထွက်ဒဏ်ရာ၊ ၀ဲပါး၊ ယာ လက်မောင်းနှင့် ယာခြေသလုံးတို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကိုဝင်းဇော်အား ကမာရွတ်မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
နာနတ်တောလမ်းဆုံ လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး နာနတ်တောလမ်းဆုံ လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 15:07 Rating: 5
Powered by Blogger.