လူ ၅၀ ကျော်လိုက်ပါလာသည့် ထိုင်ဝမ် လေယာဉ်ပျက်ကျ

ဓာတ်ပုံ – focustaiwan
လေယာဉ် အမှုထမ်း အပါအ၀င် လူ ၅၈ ဦးကို တင်ဆောင်လာတဲ့ ထရန်အေးရှား လေကြောင်းလိုင်းဟာ ထိုင်ဝမ်မြို့တော် အနီးက  မြစ်ထဲကို ဒီကနေ့ ပျက်ကျသွားပါတယ်။

အသေအပျောက် စာရင်းကို မသိရှိရသေးသလို ပျက်စီးရတဲ့အကြောင်းအရင်းကို မသိရသေးဘူးလို့ ထိုင်ဝမ် မီးသတ်ဌာနကို ကိုးကားပြီးတော့ ဝေါလ်စထရိတ်သတင်းက ရေးပါတယ်။

ဒေသစံတော်ချိန် ၁၀ နာရီကျော်လောက်မှာ ATR-72 လေယာဉ်က ထိုင်ဝမ် ဆောင်ရှန် လေဆိပ်ကနေ ထွက်ခွာလာတာ ဖြစ်ပြီး ကင်မန်ကျွန်းကိုသွားတဲ့ လမ်းကြောင်းမှာ ပျက်ကျခဲ့တာ လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။

အပျက်အစီးတွေ ကီလန် မြစ်ပေါ်မှာ မျောပါနေတဲ့ ရုပ်သံတွေကိုလည်း ပြသနေသလို ၁၃ ဦးကို ကယ်တင်နိုင်လိုက်တယ်လို့လည်း ဆိုပါတယ်။

ပျက်ကျတဲ့အချိန်မှာ လူ ၂ ယောက် ပြုတ်ကျလာတာကို တွေ့ရသလို လေယာဉ် အပိုင်းအစတွေက မြေပြင်က တက္ကစီကို ထိခိုက်မိတယ်လို့ မျက်မြင်တွေကို ကိုးကားပြီးသတင်းက ရေးပါတယ်။

ဒါဟာ ၇ လအတွင်း ဒီလေယာဉ်လိုင်းက လေယာဉ် ဒုတိယအကြိမ်မြောက် ပျက်ကျတာ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းကလည်း ထိုင်ပေကနေ ပန်ဟူကို လာတဲ့ လေယာဉ်ဟာ မဆင်းခင်မှာ ပျက်ကျသွားပြီး လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။ ဒီလေကြောင်းလိုင်းဟာ ထိုင်ဝမ် တတိယအကြီးဆုံး လေကြောင်းလိုင်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79990

လူ ၅၀ ကျော်လိုက်ပါလာသည့် ထိုင်ဝမ် လေယာဉ်ပျက်ကျ လူ ၅၀ ကျော်လိုက်ပါလာသည့် ထိုင်ဝမ် လေယာဉ်ပျက်ကျ Reviewed by သစ်ထူးလွင် on 13:59 Rating: 5
Powered by Blogger.