အီရန်မြောက်ပိုင်းတွင် လေ့ကျင့်ရေး လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးလျက်ရှိ


တီဟီရန် ၊ ၄-၂-၂၀၁၅

အီရန်နိုင်ငံ မြောက်ပိုင်းတွင် ပျောက်ဆုံး လျက်ရှိသော လေ့ကျင့်ရေး လေယာဉ်ငယ် တစ်စင်းကို ၄င်းနိုင်ငံရှိ တာဝန်ရှိ သူများက ရှာဖွေမှုများ စတင် လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ရေး လေယာဉ်ငယ် တစ်စင်းသည် မာဇန်ဒါရန် ပြည်နယ် မြောက်ပိုင်း ရမ်ဆာမြို့ရှိ ဒေသတွင်း လေဆိပ်တစ်ခု မှ ဖေဖော်ဝါရီ ၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် စတင် ပျံတက်သွား ခဲ့ပြီးနောက် မိနစ် အနည်းငယ် အကြာတွင် လေယာဉ် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်ကာ တီဟီရန်မြို့ မြောက်ဘက် ကီလိုမီတာ ၁၅ဝ အကွာ ရမ်ဆာ တောင်တန်း ဒေသအနီး တစ်ဝိုက်တွင် ပျောက်ဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ် ပေါ်တွင် အီရန်နိုင်ငံ သားတစ်ဦးနှင့် ဆော်ဒီနိုင်ငံသား တစ်ဦး လိုက်ပါသွားပြီး မြူများ ထူထပ်စွာ ကျဆင်း၍ အမြင်အာရုံ မှုန်ဝါးမှုကြောင့် အဆက်အသွယ် ပြတ်တောက် သွားသည်ဟု ယူဆရကြောင်း ပြည်နယ်ရေးရာ စီမံခန့်ခွဲမှု ဌာနမှ အထွေထွေ ညွှန်ကြားရေးမှူး က ပြောကြားသည်။

ယခုအခါတွင် ကွန်မန်ဒို တပ်ဖွဲ့ဝင်များ နှင့် တောင်တက် သမားများ ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_73.html
အီရန်မြောက်ပိုင်းတွင် လေ့ကျင့်ရေး လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးလျက်ရှိ  အီရန်မြောက်ပိုင်းတွင် လေ့ကျင့်ရေး လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးလျက်ရှိ Reviewed by သစ်ထူးလွင် on 13:56 Rating: 5
Powered by Blogger.