ဗီယက်နမ်တွင် တရုတ်မှ မှောင်ခိုတင်သွင်းလာသည့် ကြောင်များဖမ်းဆီးရမိ


ဟနွိုင်း ဇန်နဝါရီ ၂၉

ဗီယက်နမ်နိုင်ငံတွင် စားသုံးရန် အတွက် တရုတ်နိုင်ငံမှ မှောင်ခို တင်သွင်းလာသည့် ကြောင်အကောင် ရေ ထောင်ပေါင်းများစွာကို ဟနွိုင်းမြို့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြား သည်။

ဗီယက်နမ်နိုင်ငံတွင် ကြောင်သား ကို ကျားသတ္တဝါ အငယ်စားအဖြစ် လူသိများပြီး အရသာရှိသည့် စားကောင်းသောက်ဖွယ်တစ်ခုအဖြစ် လူကြိုက်များလျက်ရှိသည်။ တာဝန်ရှိ သူများက ကြောင်သားစားခြင်းကို တားမြစ်ထားသော်လည်း စားသောက် ဆိုင်ကြီးများတွင်မှာယူစားသုံးနိုင်သည်။

ကုန်တင်ကားကြီးအတွင်း ကြောင် အရှင် တန်ချိန်သုံးတန်ခန့်ကို ဟနွိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

''ဗီယက်နမ်ဥပဒေအရ ဖမ်းဆီးရမိ တဲ့မှောင်ခိုပစ္စည်းတွေနဲ့ ကြောင်တွေ ကို ဖျက်ဆီးပစ်ရမှာပါ။ ဒါပေမဲ့အခု ဒီကြောင်တွေကို ဘာလုပ်ရမှန်း မသိ သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတ္တဝါတွေရဲ့တန်ဖိုးက ကြီးမား တယ်လေ'' ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် ကြွက်ကောင် ရေတိုးပွားမှုကိုထိန်းချုပ်ရန် ကြောင် များအား သတ်ဖြတ်စားသောက်ခြင်း ကို ပိတ်ပင်တားမြစ်ထားသည်။သို့ သော်လည်း ဟနွိုင်းမြို့ရှိ အချို့သော စားသောက်ဆိုင်ကြီးများတွင် ကြောင် သားများ မှာယူစားသုံးနိုင်ပြီး ကြောင် မွေးထားသည့် ပိုင်ရှင်များက ကြောင် သူခိုးများရန်မှ ကြောက်ရွံသဖြင့် ၎င်းတို့၏ ကြောင်များကို အခန်းတွင်း ထည့်ထားခြင်း သို့မဟုတ် ချည်နှောင် ထားခြင်းတို့ကြောင့် ဟနွိုင်းမြို့လမ်းမ များတွင် ခြေဦးတည့်ရာ သွားလာနေ သည့် ကြောင်များကို တွေ့ရခဲသည်။

အေအက်ဖ်ပီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဗီယက်နမ်တွင် တရုတ်မှ မှောင်ခိုတင်သွင်းလာသည့် ကြောင်များဖမ်းဆီးရမိ ဗီယက်နမ်တွင် တရုတ်မှ မှောင်ခိုတင်သွင်းလာသည့် ကြောင်များဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 04:04 Rating: 5
Powered by Blogger.