အီရတ်စီးနင်းတိုက်ခိုက်မှု အိုင်အက်စ်အိုင်အယ်လ် ထိပ်တန်းတပ်မှူးကျဆုံး


ဘဂ္ဂဒက် ဇန်နဝါရီ ၂၉

အကြမ်းဖက်မှုများ ဖြစ်ပွားနေ သည့် အီရတ်နိုင်ငံ မြောက်ပိုင်း ဆလာဟွဒ်ဒင် ပြည်နယ်၌ အီရတ် တပ်ဖွဲ့၏ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် အိုင်အက်စ်အိုင် အယ်လ်တက်ဖရီအုပ်စု ထိပ်တန်း တပ်မှူး တစ်ဦးနှင့် ၄င်း၏ တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သည်။

ဆလာဟွဒ်ဒင်ပြည်နယ်ရှိ အိုင် အက်စ်အိုင်အယ်လ် ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အယ်လ် ရှာရတ်နှင့် အယ်လ်အလမ်းဒေသ ၏ အိုင်အက်စ်အိုင်အယ်လ် တပ်မှူး ဖြစ်သူ အဘူကာတာဒါ သေဆုံးခဲ့ သည်ဟု ထောက်လှမ်းရေးတပ်ဖွဲ့ က အတည်ပြုပြောကြားခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က အီရတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကို အီရတ်သတင်းဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။ ၄င်းနှင့်အတူ တပ်ဖွဲ့ဝင် ၁၂ ဦး လည်းသေဆုံးခဲ့ ကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

အပျော်ထမ်း တပ်ဖွဲ့ဝင်များမှ ကျောထောက်နောက်ခံပြုထားသည့် အီရတ်တပ်ဖွဲ့ဝင်များက ဒိုင်ယာလာ ပြည်နယ်ကို အိုင်အက်စ်အိုင်အယ်လ် တို့လက်မှ ပြန်လည်ရယူနိုင်ခဲ့ခြင်း သည် အကြမ်းဖက်တိုက်ဖျက်ရေး၏အောင်မြင်မှုပင်ဖြစ်သည်။

ဒိုင်ယာလာပြည်နယ်ကို ပြန် လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အီရတ်တပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများသိမ်းပိုက်ထားသော လူဦးရေ ထူထပ်များပြားသည့် ဒေသများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူလာမီယာ အယ်လ်ဇိုင်ဒီက ပြောခဲ့သည်။

အလားတူပင် အီရတ်တပ်ဖွဲ့ဝင် များသည် အိုင်အက်စ်အိုင်အယ်လ် တို့ကိုတိုက်ထုတ်ရန် အထူးစစ်ဆင် ရေးတစ်ခုကို ရာမာဒီမြို့၌ ပြင်ဆင် မှုများ ပြုလုပ်နေပြီဖြစ်သည်။

အီရတ်တပ်ဖွဲ့သည် အကြမ်း ဖက်မှုဖြစ်ပွားနေသည့် ဒေသရှိ နေရာအတော်များများကို စစ်သွေးကြွ များလက်မှ ပြန်လည်ရယူရန် အတွက် ကြီးမားသည့် စစ်ဆင်ရေး ကို မကြာမီ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လုံခြုံရေးသတင်းအရ သိရသည်။

အိုင်အက်စ်အိုင်အယ်လ်တို့သည် ၂ဝ၁၄ ခုနှစ် ဇွန်လအစောပိုင်း ကတည်းက အီရတ်၌ အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မိုလ်ဆူး မြို့ကို သိမ်းပိုက်ခဲ့သည်။

(ပရက်စ်တီဗွီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အီရတ်စီးနင်းတိုက်ခိုက်မှု အိုင်အက်စ်အိုင်အယ်လ် ထိပ်တန်းတပ်မှူးကျဆုံး အီရတ်စီးနင်းတိုက်ခိုက်မှု အိုင်အက်စ်အိုင်အယ်လ် ထိပ်တန်းတပ်မှူးကျဆုံး Reviewed by သစ်ထူးလွင် on 04:10 Rating: 5
Powered by Blogger.