သစ်တောဝန်ထမ်း အချို့ကြောင့် အလောင်းတော်ကဿပ ဘုရားဖူးများ ဒုက္ခရောက် (ပေးစာ)



မုံရွာမှ မနက်စောစော ထွက်လာပြီး အလောင်းတော် ကဿပကို နေ့လည် ၁၂ နာရီကျော်မှာ ရောက်ခဲ့ ပါတယ်။ နေ့လည့်စာ စားပြီး ၁ နာရီထိုးတော့ ထမင်း ဆိုင်ပိုင်ရှင်မှ ဆင်တွေ နားချိန် ဖြစ်သော်လည်း ဘုရားဖူးများ သောကြောင့် ဆင်စီးရန် တန်းစီ စောင့်သင့်ကြောင်း ပြောပြ၍ စောင့်ဆိုင်း ခဲ့ပါတယ်။

ညနေ ၃ နာရီထိုးတော့ ဆင် ၄ကောင်ရောက်လာပြီး ဘုရားဖူးများ တင်ဆောင်ရန် ပုခက်များ ပြင်ဆင်နေစဉ် သားရေကုတ်အင်္ကျီ ဘောင်းဘီရှည် ၀တ်ဆင်ထားသော အမျိုးသမီး တယောက်ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆင်သမားများကို အမိန့်ပေး ခေါ်ဆောင်သွားတယ်။

ဓါက်ပုံဆရာတဦးက " ဒီအမျိုးသမီးက ဆင်စခန်းရဲ့ သစ်တော အုပ်ချုပ်ရေးမှူး မိန်းမပါ။ သူဆီမှာတည်းခိုတဲ့ သူတွေက အများသူငါလို့ ဆင်စောင့်ရန်မလို့ဘူး သူကခေါ်ပေးတယ်။ ဒါပေမဲ့ သူဆီမှာတည်းရပြီး တခန်း ၃သောင်း ဆင်တကောင်စီးရင် ပုံမှန်ဈေးက ၈ထောင်ကို သူက ၁သောင်း၆ထောင် တောင်းတယ်။ သူတို့က လုပ်ပိုင်ခွင့်ရှိတော့ ဒီလိုလုပ်စားနေတာ ကြာပြီပေါ့ဗျာ။ ဘုရားဖူးတွေကို အားနာ/စာနာမှုမရှိဘူး ငွေရဘို့ဘဲကြည့်တာ " လို့ပြောပြတယ်။

ညနေ ၄ နာရီခွဲမှ ဆင်၂ ကောင် ထပ်ရောက်လာသော်လည်း ဘူရားဖူးများကိုတက်ဆောင်ခြင်းမရှိဘဲ တောင်ပေါ်စားသောက်ဆိုင်အတွက် အရက် ဘီယာ အချိုရည်များ တင်ပြီးထွက်သွားခဲ့တယ်။

ဘုရားဖူးထဲမှ လူငယ်အချို့မှ ဒေါသထွက်နေပြီး လမ်းလျှောက်ပြီး ဖြေးဖြေးခြင်းနားတက်တော့မယ်ဆိုပြီး အုပ်စုလိုက် ထွက်သွားတယ်။ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုအနည်းငယ်ကဆက်စောင့်နေပြီး ညနေ့ ၅ နာရီဝန်းကျင်မှာ ဆင်ငယ် ၂ ကောင်ထပ်ရောက်လာပေမဲ့ ဆင်ငယ်တွေဖြစ်တဲ့အတွက် တကောင် ၂ ယောက်ဘဲတင်ဆောင်နိုင်တယ်။ ကျန်တဲ့ ဘုရားဖူးတွေက အဲဒီညမှာ သပိတ်ဆေးကားစခန်းမှာ ညအိပ်ခဲ့ရတယ်။

ဘုရားဖူးတဦးမှ " ဦးတို့ ပုသိမ် ကလာဖူးတာပါ။  အသက်ကြီးရွယ်အို ဘုရားဖူးတွေကိုတော့ ဆင်သမားတွေဦးစားပေးတင်သင့်တာပေါ့။ အခုတော့ သစ်တောဝန်ထမ်းတွေက ဘယ်သူမှဂရုမစိုက်ဘူး ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ပုံစံနဲ့ ဘုရားနယ်မြေမှာ စီပွားရှာနေကြတာ။ ဥပမာ - ဆင်နားချိန် ဆင်မမောင်းရလို စာကပ်ထားပေမဲ့ သူတို့အချင်းချင်းခေါ်တော့လိုက်တယ်။  ဆင်စီးချိန်သတ်မှတ်ထားပြီး ဘုရားဖူးတွေ ဦးစားမပေးဘဲ စားသောက်ဆိုင်အတွက်ပစ္စည်းတင်တာမျိုးတွေ ကမဖြစ်သင့်ဘူးလို့ " ပြောပြတယ်။

ဘုရားဖူးကားမောင်းသူတဦးကလည်း " ဒီလိုဖြစ်နေတာကြာပြီ ဘုရားဖူးနည်းလို့ ဆင်နည်းတယ်လို့ ပြောပေမဲ့ ဘုရားဖူးများလာလည်း ဆင်များလာပေမဲ့လည်း စနစ်တကျလုပ်တာမျိုးမရှိဘူး။ နိုင်ငံခြားသားတွေ တောလှည့်တာမျိုးရှိတဲ့နေဆို တနေ့ကုန်သုံးတာ။ ဒီဆင်တွေကို ဘုရားဖူးပို့တဲ့ဆင်တွေယူသုံးတော့ အဆင်မပြေဖြစ်ကုန်တာပေါ့လို့ " ပြောပြတယ်။

ဘုရားဖူး ခရီးသည်တဦး
BY THIT HTOO LWIN
သစ်တောဝန်ထမ်း အချို့ကြောင့် အလောင်းတော်ကဿပ ဘုရားဖူးများ ဒုက္ခရောက် (ပေးစာ) သစ်တောဝန်ထမ်း အချို့ကြောင့် အလောင်းတော်ကဿပ ဘုရားဖူးများ ဒုက္ခရောက် (ပေးစာ) Reviewed by သစ်ထူးလွင် on 11:21 Rating: 5
Powered by Blogger.