ဒု-သမ္မတခရီးစဉ်ရှိသဖြင့် ဆရာထင်လင်းဦးရုံးချိန်း ရွှေ့ဆိုင်း


သာသာညှိုးနွမ်းစေမှုဖြင့် တရားရင်ဆိုင်နေရသည့် စာရေးဆရာ ဦးထင်လင်းဦး၏ ၆ကြိမ်မြောက်ရုံးချိန်ကို ဇန်န၀ါရီ ၂၃ ရက်နေ့တွင် ချောင်းဦးတရားရုံးတွင် ချိန်းဆိုထားပြီး ဒုသမ္မတခရီးစဉ် ချောင်းဦးအားကစားကွင်းမှာရှိခြင်းကြောင့် လုံခြုံရေးအရ ဒီဇင်ဘာ ၃ ရက်နေ့ ပြန်ချိန်းလိုက်ကြောင်း ဆရာထင်လင်းဦး၏ ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

“ဒီနေ့ရုံးမထုတ်ဖြစ်ဘူး။ ဒုသမ္မတ ဦးဥာဏ်ထွန်းလာမယ်ဆိုလို့ လုံခြုံရေးရှိလို့ ဆို ပြီးရုံးမထုတ်ဘူး” ဟု ၄င်းက ပြောသည်။

ဆရာထင်လင်းဦးသည် ဇန်န၀ါရီ ( ၁၅ )ရက်နေ့က ကံဆောင်သပိတ်မှောက်ထားကြသည့်ချောင်းဦးမြို့ သံဃာတော်များကို ရှိခိုးကန်တော့တောင်းပန်ခဲ့ပြီး ဆရာတော်သံဃာတော်များက သပိတ်အားပြန်လှန်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ(အနိမ့်)ရွာမှာ ဟောပြောခဲ့တဲ့ စာရေးဆရာထင်လင်းဦး ဟောပြောချက်များဘာသာသနာကို စော်ကားသည့် အသုံးအနှုံးများပါဝင်သည်ဟုဆိုကာ ပုဒ်မ ၂၉၅-က၊ ၂၉၈ များဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒု-သမ္မတခရီးစဉ်ရှိသဖြင့် ဆရာထင်လင်းဦးရုံးချိန်း ရွှေ့ဆိုင်း ဒု-သမ္မတခရီးစဉ်ရှိသဖြင့် ဆရာထင်လင်းဦးရုံးချိန်း ရွှေ့ဆိုင်း Reviewed by သစ်ထူးလွင် on 15:24 Rating: 5
Powered by Blogger.