ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်းဗုံးဖြင့် ပစ်သွားမှု ငါးကြိမ်ဖြစ်


မန္တလေး ဇန်နဝါရီ ၂၄

တစ်ပတ်အတွင်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ဆိုင်ကယ် ပေါ်မှ ဗုံးဖြင့် ပစ်သွားမှု ငါးကြိမ် ဖြစ်ပွားခဲ့ကြောင်း လုံးခင်းရဲစခန်းမှ ရဲအုပ် တင်ကိုကိုက ပြောသည်။

ယခုလ ၁၅ရက်မှ ၂၃ရက်အထိ ဖားကန့်မြို့နယ်လုံးခင်းကျေး ရွာအုပ်စုတွင် ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့်ထုသွားသည့် ဖြစ်ရပ် ငါးကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''တာဝန်မှူးရုံးရှေ့ကိုပစ်သွားတဲ့နောက်ပိုင်း ကျောက်စိမ်းကုမ္ပဏီတွေကိုပဲ ပစ်မှတ်ထားလာကြတယ်''ဟု ရဲအုပ်တင်ကိုကို ကပြောသည်။ လုံးခင်းရဲစခန်းကို ဗုံးဖြင့်စတင်ပစ်ခဲ့ပြီးနောက်ရက်များတွင် ကျောက်စိမ်းရုံး၊ မစွတ်ရန်၊ Jade Power တို့ကို ဗုံးတစ်လုံးစီ ပစ် ခဲ့ပြီး ယမန်နေ့ကဖြစ်ပွားခဲ့သည့် ခင်ဇော်နှင့်ညီများကျောက် စိမ်းကုမ္ပဏီများကို ဆိုင်ကယ်နှစ်စီးဖြင့် ဗုံးသုံးလုံးပစ်ပေါက်ခဲ့ပြီး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ငါးနေရာပစ်ဖောက်မှုတွင် Jade Power သို့ ပစ်ဖောက်သည့် ဗုံးမှာ မကွဲသည့်အတွက် လေးနေရာသာပေါက်ကွဲမှုဖြစ်ပွား ခဲ့သည်။

ယင်းလေးကြိမ်ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။ ''ပေါက်မသွားတဲ့ဗုံးအရ တရုတ်နိုင်ငံလုပ်ဗုံးအမျိုးအစားဆိုတာသိရတယ်''ဟု ၄င်းကဆိုသည်။

ထိုသို့ ပေါက်ကွဲမှုများဖြစ်ပေါ်နေသည့်အတွက် လုံးခင်းရဲစခန်းအပါအဝင် တပ်မတော်၊အရှေ့တိုင်းရဲတပ်ရင်းတို့ပူးပေါင်းကာ လုံခြုံရေးများချထားခြင်း၊နယ်မြေတွင်းဆိုင်ကယ်များအား ပိတ်ဆို့စစ်ဆေးခြင်းများ အထူးစိစစ်လျက်ရှိသည်ဟု ဆိုသည်။ သို့သော်လည်း မှော်ဒေသဖြစ်သည့်အတွက် လမ်းပေါင်းစုံမှ ဝင်ရောက်မှုပြုလုပ်နေကြသည်ဟုလည်းဆိုသည်။

ဘေဘီမြင့်မောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်းဗုံးဖြင့် ပစ်သွားမှု ငါးကြိမ်ဖြစ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်းဗုံးဖြင့် ပစ်သွားမှု ငါးကြိမ်ဖြစ် Reviewed by သစ်ထူးလွင် on 18:39 Rating: 5
Powered by Blogger.