ကျောက်ကြီးမြို့နယ်မှာ လူတစ်ဦးဆိုင်ကယ်နှင့် သစ်ပင်အားတိုက်၍ သေဆုံး


၂၀၁၅ ခု  ဇန်နဝါရီ (၂၅) ရက်နေ့ ညနေ(၄)နာရီခွဲ အချိန်  ကျောက်ကြီးမြို့နယ်  မုန်းနယ်မြေရဲစခန်း၏ အရှေ့တောင်ဘက် (၄) မိုင်ခန့် အကွာ   တပ်ကုန်းကျေးရွာအုပ်စု  အောင်းလောင်း စိန်တံတား အနီးတွင် လူတစ်ဦး ဆိုင်ကယ်နှင့် သစ်ပင်အား တိုက်၍ သေဆုံး နေကြောင်း သတင်း ရရှိသဖြင့်  မုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်ဝင်းနိုင် ဦးစီး၍  တာဝန်မှူးရဲအုပ်ဇော်ဝင်း  နယ်ထိမ်းတပ်ကြပ်ဝင်းနိုင်  တပ်ကြပ်တင်ထွေး နှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

 ဖြစ်စဉ်မှာ  ကရင်ပြည်နယ်  သံတောင်မြို့နယ် ညာမူခီးရွာ နေ စောလောလှ (၃၀)နှစ် (ဘ) ဦးဖါးမူးတူး  မှာ   sumbo star  နက်ခဲရောင် (လိုင်စင်စီစစ်ဆဲ) အား မြောက်မှတောင် သို့  တောင်ငူ ကျောက်ကြီး -မုပ္ပလင် လမ်းမကြီးအတိုင်း မောင်းနှင်လာရာမှ အောင်းလောင်းစိန်တံတားအနီး  လမ်းအကွေ့၌ အရှိန်မထိမ်းနိုင်ပဲ လမ်း၏ဝဲဘက် ရှိ သစ်ပင်အားဝင်တိုက်ရာမှ ဦးခေါင်းကွဲအပ် ဒဏ်ရာ ဖြင့် နေရာမှာပင်သေဆုံးသွားကြောင်းစစ်ဆေးသိရှိရသဖြင့်  ဆိုင်ကယ်အားမဆင်မခြင်မောင်နှင်သူ  စောလောလှ  အား  မုန်းနယ်မြေရဲစခန်းမှ  ယာဉ်(ပ)၂/၂၀၁၅  ပြစ်မှု့ပုဒ်မ  ၃၀၄-က  ဖြင့် အမှု့ဖွင့်အရေးယူ   ထားကြောင်းသိရှိရသည်။

ပန်းချီသန်းဝင်း

BY THIT HTOO LWIN
ကျောက်ကြီးမြို့နယ်မှာ လူတစ်ဦးဆိုင်ကယ်နှင့် သစ်ပင်အားတိုက်၍ သေဆုံး ကျောက်ကြီးမြို့နယ်မှာ လူတစ်ဦးဆိုင်ကယ်နှင့် သစ်ပင်အားတိုက်၍ သေဆုံး Reviewed by သစ်ထူးလွင် on 18:58 Rating: 5
Powered by Blogger.