တစ်ရွာတည်းနေသူချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံး


နတ်မောက်၊ ဇန်နဝါရီ ၂၄

နတ်မောက်မြို့နယ် ဆုံကုန်းကျေးရွာတွင် ဇန်နဝါရီ ၂၁ရက်က တစ်ရွာတည်း နေသူချင်း စကားများရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ည ၇နာရီတွင် ဦးသန်းအောင်က ၎င်းပိုင်ယာကွက်အား သန်းနိုင်ထံသို့ အပေါင်ထားခဲ့ရာမှ ပြန်ရွေးစဉ် တစ်ဦးနှင့်တစ်ဦး စကားများပြီးနောက် ဦးအောင်သန်း (၅ဝ)နှစ်အား ၎င်းနှင့်တစ်ဝိုင်းတည်းနေတူဖြစ်သူ သန်းနိုင်(၄၃)နှစ်က ဦးအောင်သန်းအား နေအိမ်ရှေ့လမ်း၌ အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန်နှင့်ထိုးခဲ့သဖြင့် ဦးအောင်သန်းတွင် ရင်ညွန့်အောက်အကျယ်တစ်လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး ကျောက်ပန်းတောင်းဆေးရုံသို့ တင်ပို့ရန်ခေါ်ဆောင်သွားခဲ့စဉ် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ညိုလုံးက တိုင်တန်းခဲ့သောကြောင့် သန်းနိုင်အား နတ်မောက်မြို့နယ် မြို့မရဲစခန်းက(ပ)၅/၂ဝ၁၅၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily
တစ်ရွာတည်းနေသူချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံး တစ်ရွာတည်းနေသူချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 05:01 Rating: 5
Powered by Blogger.