ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား တိုက်မိသဖြင့် အမျိုးသား တစ်ဦး သေဆုံး


ပွင့်ဖြူ၊ ဇန်နဝါရီ ၂၄

မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပွင့်ဖြူ-စလင်း သွားကားလမ်း မိုင်တိုင်အမှတ် (၂၈/၇)အနီးတွင် ဇန်နဝါရီ ၂၂ရက် မွန်းတည့် ၁၂ နာရီက ဆိုင်ကယ်နှင့်ကား တိုက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စလင်းမြို့ဘက်မှ ပွင်ဖြူမြို့ဘက်သို့ ကျော်ဇင်ထွေး(၂၃)နှစ်သမုန်းကုန်းကျေးရွာ ပွင့်ဖြူမြို့နယ်နေသူမောင်းနှင်သော ၁၁ဝ ဆိုင်ကယ်အား ပွင့်ဖြူမြို့ဘက်မှ စလင်းမြို့ဘက်သို့ ဇင်အောင်စိုး(၃၁)နှစ် ရန်မျိုးအောင်အနောက်ရပ်ကွက် မိတ္ထီလာမြို့နယ်နေသူမောင်းနှင်လာသည့် လိုက်ထရပ်အဖြူရောင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။

ထိုသို့အရှိန်ဖြင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ကျော်ဇင်ထွေးတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်း ဇင်အောင်စိုးအား ပွင့်ဖြူမြို့နယ် ကုန်းဇောင်းနယ်မြေရဲစခန်းက ယာဉ်(ပ)၂/၂ဝ၁၅၊ပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား တိုက်မိသဖြင့် အမျိုးသား တစ်ဦး သေဆုံး ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား တိုက်မိသဖြင့် အမျိုးသား တစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 05:01 Rating: 5
Powered by Blogger.