ပါကစ္စတန် ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲ၊ ၄၀ ကျော်သေ

သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိတယ်လို့ဆို
ပါကစ္စတန် နိုင်ငံ တောင်းပိုင်း၊ ဆင်းဒ် ပြည်နယ်၊ ရှီကာပူးရ် ဒေသက ရှီးယား ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်လို့ လူ အနည်းဆုံး အယောက် ၄၀ သေဆုံး ခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်းချိန် အပြီးမှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒါဇင်ပေါင်း များစွာလည်း ဒဏ်ရာရခဲ့ကာ သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေခံ ဖောက်ခွဲမှု ဖြစ်နိုင်ဖွယ် ရှိပြီး တာလီဘန်နဲ့ ဆက်စပ်တဲ့ ဆွန်နီ စစ်သွေးကြွတွေက သူတို့ လက်ချက်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ် ဆင်းဒ် ပြည်နယ် မြို့တော် ကရာချိမှာ လုံခြုံရေး အခြေအနေတွေ ဆွေးနွေးဖို့ ရောက်ရှိနေချိန် ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150130_pakistan_mosque_blast
ပါကစ္စတန် ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲ၊ ၄၀ ကျော်သေ ပါကစ္စတန် ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲ၊ ၄၀ ကျော်သေ Reviewed by သစ်ထူးလွင် on 21:48 Rating: 5
Powered by Blogger.