၉ နှစ်အရွယ် သြစီသူကို မိဘတွေ အိမ်ထောင်ပြုပေး

ဆစ်ဒနီမြို့က ​အသက် ​၉ ​နှစ်အရွယ် ​ကလေးမလေးကို ​မိဘတွေက ​အိမ်ထောင်ပြုဖို့ အတွက် ​အရှေ့အလယ်ပိုင်း ​နိုင်ငံတစ်ခုကို ​ပို့ဆောင်ထားတဲ့ အကြောင်း ​အမျိုးသမီး အဖွဲ့အစည်းတစ်ခုက ​အေဘီစီကို ​ပြောပြခဲ့ပါတယ်။

အသက် ​၉ ​နှစ်အရွယ် ​မိန်းကလေးတစ်ဦးကို ​လက်ထပ်ပေးဖို့ ​မိဘတွေက ​အရှေ့အလယ်ပိုင်းကို ​ပို့ဆောင်တဲ့အကြောင်းကို ​မနေ့က ​သိရှိရတာဖြစ်တယ်လို့ ​ရွှေ့ပြောင်းနေထိုင်လာသူ ​အမျိုးသမီးတွေရဲ့ ​ကျန်းမာရေးဝန်ဆောင်မှု ​အဖွဲ့က ​Dr ​Eman ​Sharobeem ​က ​ပြောပါတယ်။ 

အဲဒီ ​မိန်းကလေးငယ်က ​သြစတြေးလျနိုင်ငံသား ​ဖြစ်တယ်ဆိုတာကို ​သိရပြီး ​ဒီထက် ​အကြောင်းစုံ ​သိရအောင် ​စုံစမ်းနေတယ်လို့ ​ပြောပါတယ်။

အဲဒီ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အဲဒီ ​မိန်းကလေးရဲ့ ​မိခင်နဲ့ ​စကားပြောဖို့ ​ကြိုးစားခဲ့ပေမယ့် ​အဲဒီ ​မိန်းကလေးကို ​အရှေ့အလယ်ပိုင်းကို ​ပို့ဆောင်ထားပြီလို့ ​သိခဲ့ရကြောင်း ​ပြောပါတယ်။

အသက် ​မပြည့်သေးတဲ့ ​ကလေးတွေကို ​အိမ်ထောင်ချတာဟာ ​ကြီးလေးတဲ့ ​ပြစ်မှု ​ဖြစ်တယ်လို့ ​နယူးဆောက်သ်ဝေးလ်ပြည်နယ်က ​အမျိုးသမီးရေးရာ ​ဝန်ကြီး ​Pru ​Goward ​က ​ပြောပါတယ်။

ကလေးတွေကို ​အတင်းအဓမ္မ ​အိမ်ထောင်ပြုဖို့အတွက် ​ပြည်ပကို ​ပို့ဆောင်တာဟာ ​တရားမဝင်ဘူးလို့ ​ပြောခဲ့ပါတယ်။

ဒီကနေ့မှာပဲ ​အသက်မပြည့်တဲ့ ​ကလေးငယ်တွေကို ​အတင်းအဓမ္မ ​အိမ်ထောင်ချပေးတာတွေ ​မလုပ်ဖို့ ​သြစတြေးလျ ​ရဲတွေက ​ပညာပေး ​စာစောင်တွေကို ​ဝေငှမှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​နေထိုင်ကြတဲ့ ​တချို့ ​လူမျိုးတွေဟာ ​အသက် ​မပြည့်သေးတဲ့ ​ကလေးတွေကို ​အိမ်ထောင်ချပေးတဲ့ ​ဓလေ့ကို ​ကျင့်သုံးတဲ့အတွက် ​သြစတြေးလျ ​အစိုးရက ​ဖမ်းဆီးအရေးယူမှု ​လုပ်ခဲ့ရတာတွေလည်း ​ရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-02/1394957

(Credit: ABC) 

၉ နှစ်အရွယ် သြစီသူကို မိဘတွေ အိမ်ထောင်ပြုပေး ၉ နှစ်အရွယ် သြစီသူကို မိဘတွေ အိမ်ထောင်ပြုပေး Reviewed by သစ်ထူးလွင် on 09:48 Rating: 5
Powered by Blogger.