လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သူသုံးဦးကို ညီအစ်မနှစ်ဦး ပြန်လည်တိုက်ခိုက်

နယူးဒေလီ ဒီဇင်ဘာ ၁

အိန္ဒိယနိုင်ငံရှိ ဘတ်စ်ကား တစ်စီးပေါ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်သူ သုံးဦးကို ညီအစ်မနှစ်ဦးက ပြန်လည်တိုက်ခိုက်သည့် ဗီဒီယိုဖိုင် တစ်ခု ယမန်နေ့တွင် လူမှုကွန်ရက် စာမျက်နှာများပေါ် ပျံ့နှံ့လာ ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်ထွက် ပေါ်လာခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် သူသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါအကြမ်းဖက်မှုသည် ဟာရီရနာပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တစ်ဦး က မိုဘိုင်းလ်ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယခုဘတ်စ် ကားပေါ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ရန်ကြိုးစားခြင်းခံခဲ့ရသည့် မိန်းကလေးနှစ်ဦးအနက်တစ်ဦးက အကြမ်းဖက်သူသုံးဦးသည် ၄င်းတို့ ကိုခြိမ်းခြောက်ခဲ့ကြောင်း သတင်းဌာနတစ်ခုသို့ပြောသည်။
 ''သူတို့ထဲကတစ်ယောက်က ကျွန်မရဲ့ညီမကိုမဖွယ်မရာလုပ်ပါ တယ်။ ကျန်တဲ့နှစ်ယောက်ကိုလည်း လူကျပ်အောင်ဝိုင်းဖိခိုင်းပါတယ်တစ်ယောက် ကကျွန်မညီမကိုရိုက်တဲ့အချိန်မှာလည်းကျန်တဲ့နှစ်ယောက်က ကျွန်မကို ချုပ်ထားကြပါတယ်။ ဘတ်စ်ကားပေါ်မှာ ဘယ်သူကမှကျွန်မ တို့ကိုကူညီဖို့ထွက်မလာကြပါဘူး။ အဲဒါကြောင့် ခါးပတ်တွေချွတ်ပြီး ပြန်လည် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရန်ပွဲဖြစ်မှသာခရီး သည် တစ်ယောက်ပဲ ဝင်ရောက်ကူညီခဲ့ပါတယ်'' ဟု ၄င်းကပြောသည်။

အိန္ဒိယနိုင်ငံတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက ကျောင်းသူ တစ်ဦး ဘတ်စ်ကားပေါ်တွင် ဝိုင်းဝန်းအဓမ္မ အကျင့်ခံခဲ့ရရာမှ သေဆုံးခဲ့ပြီးနောက် အဓမ္မပြုကျင့်ခြင်းကိုဆန့်ကျင်သည့် ဆန္ဒပြမှုများမြင့်တက်လာခဲ့သည်။ နောက်ဆုံး အဓမ္မပြုကျင့်မှု မှာ ရောက်တက်ခ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်(၁၉)နှစ်နှင့် အသက်(၂၂)နှစ် အရွယ်ရှိကျောင်းသူနှစ်ဦးမှာ အိမ် အပြန်လမ်းတွင် အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည်။

T1P(BBC)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သူသုံးဦးကို ညီအစ်မနှစ်ဦး ပြန်လည်တိုက်ခိုက် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သူသုံးဦးကို ညီအစ်မနှစ်ဦး ပြန်လည်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 19:37 Rating: 5
Powered by Blogger.