လှည်းကူးမြို့ နယ် ယာဉ်တိုက်မှု ၂ ဦးသေဆုံး


လှည်းကူးမြို့နယ်တွင် ယာဉ်တစ်စီးမှ တိုက်မိခဲ့၍ အမျိုးသား(၂)ဦးသေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူ လျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၈.၁၂.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေး ကျေးရွာနေ ကိုထွန်းနိုင်မှ ၎င်းသည် ဘိုးရင်ကလေးကျေးရွာရှိ ပိုက်ကြီးဝဲ ကျေးရွာနှင့် မလစ်ကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းပေါ်တွင် အမျိုးသား(၂)ဦး သေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှု ခဲ့ကြောင်း၊ အဆိုပါနေရာတွင် ၎င်း၏အိမ်သို့ အလည်လာရောက်ခဲ့သော အစ်ကိုဖြစ်သူ ဦးချစ်သန်း၊ (၃၉)နှစ်နှင့် တူဖြစ်သူ မောင်ပြည့်စုံဖြိုး၊ (၁၅)နှစ် တို့(၂)ဦးအား ယာဉ်(၁)စီးမှ တိုက်မိပြီး အကြိတ်ခံရကာ မြေသားလမ်း၏ ယာဘက်ခြမ်း၌ ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့ စက်တပ်ယာဉ်(၁)စီးမှ ဦးချစ်သန်းနှင့် မောင်ပြည့်စုံဖြိုးတို့(၂)ဦးကို တိုက်မိခဲ့သဖြင့် ၎င်းတို့(၂)ဦး သေဆုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်း(စုံစမ်းဆဲ)အား လှည်းကူးမြို့နယ်၊ ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ စုံးစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

လှည်းကူးမြို့ နယ် ယာဉ်တိုက်မှု ၂ ဦးသေဆုံး လှည်းကူးမြို့ နယ် ယာဉ်တိုက်မှု ၂ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 19:58 Rating: 5
Powered by Blogger.