မှော်ဘီမြို့ နယ်မှာ ဟိုင်းလတ် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ


ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၈.၁၂.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း တောင်မှမြောက် သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော 5A---ဟိုင်းလတ်အပြာယာဉ်သည် မိုင်တိုင်အမှတ် (၂၉/၂)အနီးအရောက် ၀ဲဘက်ယာဉ်ကြောသို့ အရှိန်လွန်ရောက်ရှိသွားပြီး တိမ်းမှောက်သွားခဲ့ရာ ၎င်းယာဉ်ပေါ်တွင် တင်လာသော ကွမ်းခြင်းများမှ အနီးတွင်ရပ်ထားသော 7A---မီနီဘတ်စ်ယာဉ်အား ထိမှန်သွားခဲ့ပြီး 5A---- ဟိုင်းလတ်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့သည့်အပြင် ယာဉ်ပေါ်ပါ ခရီးသည် မှော်ဘီမြို့နယ်နေ ဦးအောင်မောင်း၊(၇၃)နှစ်နှင့် အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသား(၂)ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီးသေဆုံးသွားခဲ့ပါသည်။ ကျန်ခရီးသည် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတို့တွင်လည်း ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် မှော်ဘီဆေးရုံတို့တွင် အတွင်း/ ပြင်ပလူနာ(မစိုးရိမ်ရ)များအဖြစ်တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်းအား မှော်ဘီမြို့မရဲစခန်းယာဉ်(ပ)၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှော်ဘီမြို့ နယ်မှာ ဟိုင်းလတ် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ မှော်ဘီမြို့ နယ်မှာ ဟိုင်းလတ် ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:01 Rating: 5
Powered by Blogger.