ကျွန်းသီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး


ပုသိမ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် အောင်ဇေယျလမ်းထိပ်၌ ဒီဇင်ဘာ ၂ဝ ရက် နံနက် ၁ဝ နာရီခွဲခန့်က ကျွန်းသီးတက်ခူးရာမှ နဝမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ငါးသိုင်းချောင်းမြို့ လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးသူရက မြို့သစ် ရပ်ကွက် အောင်ဇေယျလမ်းထိပ်အနီး ဆန်းသစ်အောင် ဆီဆိုင်ရှေ့၌ ကျွန်းသီးတက်ခူးရာမှ ဓာတ်လိုက် သေဆုံးကြောင်း အကြောင်းကြား သဖြင့် သွားရောက်ကြည့်ရှုရာ ဆန်းသစ်အောင်ဆီဆိုင်ရှေ့ ငါးသိုင်း ချောင်း-ရေကြည်ကားလမ်း မိုင်တိုင် အမှတ်(၅၆/၃)နှင့် (၅၆/၄)ကြား ဓာတ်တိုင်အနီး ကျွန်းပင်ပေါ်၌ လူငယ် တစ်ဦး ဓာတ်လိုက်သေဆုံးနေသည် ကို တွေ့ရှိ၍စုံစမ်းရာ ဓာတ်လိုက် သေဆုံးနေသောလူငယ်မှာ ငါးသိုင်း ချောင်းမြို့ မြို့သစ်ရပ်ကွက် ရိုးကြီး လမ်းနေ မောင်မျိုးမင်းဆန်း အသက် (၁၅)နှစ် အထက-ငါးသိုင်းချောင်း နဝမတန်း(D)တွင် တက်ရောက်ပညာ သင်ကြားနေသူဖြစ်ကြောင်း သိရှိရပြီး ၄င်းဓာတ်လိုက် သေဆုံးမှုနှင့်ပတ်သက် ၍ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

မင်းဇော်ဦး(ရေကြည်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျွန်းသီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး ကျွန်းသီးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 02:07 Rating: 5
Powered by Blogger.