လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၅

၎.၁၂.၂၀၁၄ ရက်နေ့ ၁၈၂၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းအတိုင်း ပန်းဆိုးတန်း ဘက်မှ ဗိုလ်တထောင်ဘုရား ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ယာဉ် သည် (၄၂)လမ်းနှင့် ဘိုကလေးဈေး လမ်းကြား အရောက် လမ်းဖြတ်ကူးသူ အသက်(၃၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်တိုက်ခံရသူတွင် လည်ပင်း၊ လက်မောင်း၊ ယာပေါင်နှင့် ရင်ဘတ်တို့၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ဗိုလ်တထောင်မြို့မ ရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 16:34 Rating: 5
Powered by Blogger.