စပါးခြွေလှေ့စက်အတွင်း ပိတ်ဆို့နေသော ကောက်ရိုးများ ဆွဲထုတ်ရာမှ အမျိုးသား တစ်ဦးစက်ညပ် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၅

၅.၁၂.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြခတ်ကုန်း ကျေးရွာရှိ လယ်ကွင်းအတွင်း အမျိုးသား တစ်ဦး စပါးခြွေလှေ့စက်ဖြင့် ထိခိုက်မိ၍သေဆုံးသွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကညင်ကုန်း ကျေးရွာနေ ကိုကြည်စိုး၊ (၄၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၄.၁၂.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် ကြခတ်ကုန်းကျေးရွာ လယ်ကွင်း၌ ၎င်းကျေးရွာ နေ ကိုစိုးလေး၊ (၃၆)နှစ်မှ စပါးခြွေလှေ့စက် မောင်းနှင်နေစဉ် သေဆုံးသူ ကိုကြည်စိုးမှ ခြွေလှေ့စက် အတွင်း ကောက်ရိုးများ ပိတ်ဆို့နေ၍ လက်ဖြင့်ဆွဲထုတ်ရာမှ ပန်ကာနှင့်ရိုက်မိပြီး ၀ဲလက်ပြတ်၊ ယာလက်
စုတ်ပြဲကျိုးကြေဒဏ်ရာနှင့် ယာရင်အုံပွင့် ဒဏ်ရာများရရှိကာ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ စပါးခြွေလှေ့စက်အား မဆင်မခြင်မောင်းနှင်သူ ကိုစိုးလေးအား လက်ခုပ်ကုန်းနယ်မြေရဲစခန်း (ပ) ၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

စပါးခြွေလှေ့စက်အတွင်း ပိတ်ဆို့နေသော ကောက်ရိုးများ ဆွဲထုတ်ရာမှ အမျိုးသား တစ်ဦးစက်ညပ် သေဆုံး စပါးခြွေလှေ့စက်အတွင်း ပိတ်ဆို့နေသော ကောက်ရိုးများ ဆွဲထုတ်ရာမှ အမျိုးသား တစ်ဦးစက်ညပ် သေဆုံး Reviewed by သစ်ထူးလွင် on 16:32 Rating: 5
Powered by Blogger.