လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၀.၁၂.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းအတိုင်း ပုသိမ် ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော 1H---- ဟီးနိုး အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၄/၇ အလွန်အရောက် လမ်းဖြတ်ကူးသူ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်နေ မမိလာ၊(၃၀)နှစ်အား ၀င်ရောက် တိုက်မိပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မမိလာမှာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲ၊ ယာနားထင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ 1H---- ယာဉ်မောင်း (စုံစမ်းဆဲ)အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းယာဉ်(ပ)၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 17:47 Rating: 5
Powered by Blogger.