အလုံမြို့နယ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၀.၁၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် အလုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အလုံမြို့နယ်နေ ကိုရဲနိုင်တိုး၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်ထပ်ခိုးသို့ တက်သည့် လှေကား၏ အမြင့်(၇)ပေခန့်တွင်ရှိသော ပွတ်လုံးတိုင်၌ အရှည်(၃)ပေ(၁၀)လက်မခန့်ရှိ ချည်ကြိုးဖြင့် လည်ပင်းအားချည်နှောင်ကာ ကြိးဆွဲချသေဆုံး နေသည်ကို တွေ့ရှိရ ပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အလုံမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အလုံမြို့နယ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး အလုံမြို့နယ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by သစ်ထူးလွင် on 17:49 Rating: 5
Powered by Blogger.