ပုဇွန်တောင်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား


ဂျာနယ်စာအုပ်ပုံပေါ်သို့ ဖယောင်းတိုင်မီးလဲကျရာမှ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

၁၉.၁၂.၂၀၁၄ ရက်နေ့ ၂၃၅၀ အချိန်တွင် ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ နေကြာသာယာကုန်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ တိုက်ခန်း(၄)လွှာနေ ကိုဝင်းဗိုလ်၊ (၃၇)နှစ်၏ နေအိမ်တိုက်ခန်း၌ ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး ဘုရားစင်အောက်ရှိ ဂျာနယ်စာအုပ်ပုံပေါ်သို့ကျ၍ မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် ၂၃၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရ ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ကိုဝင်းဗိုလ်အား ပုဇွန်တောင်မြို့မရဲစခန်း (ပ)၂၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ပုဇွန်တောင်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား ပုဇွန်တောင်မြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:01 Rating: 5
Powered by Blogger.