တာချီလိတ် တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား



တာချီလိတ် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ သဇင်လမ်းတွင် ယနေ့ ဒီဇင်ဘာ ၂၀ ရက် ၊ နံနက် ၇ နာရီ ၊ ၁၀ မိနစ် က ဘုရားမီးပူဇော်ရာမှ တဆင့် မီးကူးစက်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးဆောင်သည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူများမှ မီးသတ်ယာဉ်(၃)စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် (၇)နာရီ မိနစ် (၂၀)ကျော်တွင် မီးညွန့်ကျိုး သွားပြီး ၇ နာရီ ၊ မိနစ် ၅၀ ခန့်တွင် လုံးဝ မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် နံကပ်အမျိုးအစား (၄၀ပေ×၂၀ပေ) နေအိမ်တစ်လုံးမီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf
တာချီလိတ် တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား တာချီလိတ် တွင် ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 19:55 Rating: 5
Powered by Blogger.