ဘယ်လ်ဂျီယံတွင် အမျိုးသားတဦးကို လက်နက်ကိုင်များ ပြန်ပေးဆွဲ


ဘယ်လ်ဂျီယံနိုင်ငံ မြောက်ပိုင်း ဂန့်ထ်မြို့ရဲ့ ဒမ်ပို့ထ်ရပ်ကွက်ထဲက တိုက်ခန်းတခုကို လက်နက်ကိုင် ယောက်ျား ၄ ယောက် ဝင်ရောက်ခဲ့ပြီး ယောက်ျား တယောက်ကို ပြန်ပေးဆွဲ ထားတယ်လို့ ဘယ်လ်ဂျီယံ အရာရှိတွေက ပြောပါတယ်။

အခင်းဖြစ်ရာနေရာက သတင်းထောက်တွေကတော့ လူ ၃ ယောက်က အကြမ်းမဖက်ဘဲ အရှုံးပေးလိုက်ပြီလို့ နောက်ပိုင်းမှာ ပြောပါတယ်။ ဒါပေမယ့် အဲဒီလူတွေက သံသယရှိသူတွေ ဟုတ်မဟုတ်နဲ့ ပြန်ပေးဆွဲမှု ဆက်ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘယ်ဂျီယံ အာဏာပိုင်တွေကတော့ ဂန့်ထ်မြို့ ပြန်ပေးသမားတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ မြို့ပြောခွင့်ရက ပြောပါတယ်။

ဒေသခံရှေ့နေတွေကတော့ ဒီဖြစ်ရပ်မှာ အကြမ်းဖက်သမားတွေ ဒါမှမဟုတ် ဘာသာရေးစစ်ဝါဒီ အိုက်အက်စ် သူပုန်တွေနဲ့ ဆက်စပ်မှုရှိတဲ့ ညွှန်ပြချက် မရှိဘူးလို့ ပြောပါတယ်။ ရဲတွေက ပတ်ဝန်းကျင်ဒေသကို အဝင်အထွက်မလုပ်နိုင်အောင် ပိတ်ထားလိုက်ပြီး အပေါ်ကတော့ ရဟတ်ယာဉ်တစီးက ဝဲပျံနေပါတယ်။ ရဲတွေက ဒေသခံတွေကို သူတို့ဘေးကင်းရေးအတွက် အိမ်ထဲမှာနေဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်မှာ သေနတ်သမားတယောက်က မြို့လယ်ကော်ဖီဆိုင်ထဲကို ဝင်လာပြီး ဓားစာခံတွေကို ဖမ်းဆီးရင်း အစ္စလာမစ်အလံကို အတင်းဖိအားပေး ကိုင်ဆွဲခိုင်းတဲ့ကိစ္စ ဖြစ်ခဲ့လို့ သြစတြေးလျရဲတွေက ဆစ်ဒနီမြို့လယ်ကို ပိတ်ချခဲ့အပြီး နာရီပိုင်းအကြာမှာ ဘယ်လ်ဂျီယံနိုင်ငံမှာ ခုလို မတော်တဆ ဖြစ်ခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73925
ဘယ်လ်ဂျီယံတွင် အမျိုးသားတဦးကို လက်နက်ကိုင်များ ပြန်ပေးဆွဲ ဘယ်လ်ဂျီယံတွင် အမျိုးသားတဦးကို လက်နက်ကိုင်များ ပြန်ပေးဆွဲ Reviewed by သစ်ထူးလွင် on 15:01 Rating: 5
Powered by Blogger.