တက္ကဆက် တက္ကသိုလ်တွင် ဦးနှောက် အလုံး ၁၀၀ ပျောက်ဆုံး


အော်စတင်၊ ဒီဇင်ဘာ ၎

စိတ္တဇဆေးရုံတစ်ခုမှ တက္ကဆက် တက္ကသိုလ်သို့ သုတေသနပြုရန် လှူဒါန်းထားသည့် ဦးနှောက် အလုံးတစ်ရာခန့်သည် သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ယမန်နေ့က ပျောက်ဆုံး သွားကြောင်း သိရသည်။

အဆိုပါ ဦးနှောက်များသည် အော်စတင်ပြည်နယ် စိတ္တဇဆေးရုံမှ လွန်ခဲ့သည့် ၂၈ နှစ်ကတည်းက ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုဦးနှောက်များအနက် တစ်လုံးမှာ ၁၉၆၆ သြဂုတ်လ ၁ ရက်က လူပေါင်း ၁၆ ဦးကို အော်စတင်နာရီစင်ပေါ်မှ တစ်ဆင့် သေနက်ဖြင့် ပစ်သတ်ခဲ့ကာ ရဲများမှ အသေဖမ်းမိခဲ့သည့် ချာလီဝှိုက်မင်းဆိုသူ စနိုက်ပါ၏ ဦးနှောက်လည်း ပါဝင်နေသည်။

ချာလီပစ်သတ်ခဲ့သူများတွင် ၎င်း၏ မိခင်နှင့် ဇနီးသည်တို့လည်း ပါဝင်သည်။

“တစ်ယောက်ယောက်တော့ ဒီဦးနှောက်တွေကို ယူသွားတာပဲ၊ ဒါပေမယ့် ဘာသဲလွန်စမှ မရှိဘူး” ဟု ပါမောက္ခ တင်မ်က ပြောသည်။

အဆိုပါ ဦးနှောက်များကို တက္ကသိုလ်တွင် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများအဖြစ် သုံးစွဲခဲ့ကြသည်။

ကျော်လင်းထွန်း
__ Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တက္ကဆက် တက္ကသိုလ်တွင် ဦးနှောက် အလုံး ၁၀၀ ပျောက်ဆုံး တက္ကဆက် တက္ကသိုလ်တွင် ဦးနှောက် အလုံး ၁၀၀ ပျောက်ဆုံး Reviewed by သစ်ထူးလွင် on 16:22 Rating: 5
Powered by Blogger.