ယာဉ်တိုက်မှုဖြစ်စဉ် ကွန်တိန်နာ ဘောက်ပြုတ်ကျ ခဲ့သဖြင့် စက်ဘီးစီးနေသူ တစ်ဦးသေဆုံး

အောင်ဇေယျတံတား အဆင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကွန်တိန်နာ ဘောက်ပြုတ်ကျ ခဲ့သဖြင့် အမျိုးသား တစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန်တွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတား အဆင်း လှိုင်မြစ်လမ်းအတိုင်း လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ လှိုင်သာယာ မြို့နယ်နေ မင်းသူအေး၊ (၃၄)နှစ် မောင်းနှင်လာသော ၃ခ/---- နစ်ဆန်းထရပ် အပြာရောင်ကွန်တိန်နာယာဉ်သည် ကံဦးဘုန်းကြီး ကျောင်းအနီးအရောက် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ၄ခ/---- နစ်ဆန်းထရပ် ဖြူ/ပြာရောင်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်(၂)စီးပျက်စီးကာ ၃ခ/---- ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကွန်တိန်နာဘောက်မှာ အောက်သို့ပြုတ်ကျပြီး ၎င်းယာဉ်၏ ၀ဲဘက်ဘေးတွင် စက်ဘီးစီးနင်းသွားနေ သော အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦးအား ပိမိခဲ့သဖြင့် ၎င်းအမျိုးအသားမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးခဲ့သည့်အတွက် ၃ခ/---- ယာဉ်မောင်း မင်းသူအေးအား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၁၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ယာဉ်တိုက်မှုဖြစ်စဉ် ကွန်တိန်နာ ဘောက်ပြုတ်ကျ ခဲ့သဖြင့် စက်ဘီးစီးနေသူ တစ်ဦးသေဆုံး ယာဉ်တိုက်မှုဖြစ်စဉ် ကွန်တိန်နာ ဘောက်ပြုတ်ကျ ခဲ့သဖြင့် စက်ဘီးစီးနေသူ တစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.