ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ အသုံးပြုပြီး ပါတီပွဲကြော်ငြာတဲ့ သူတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့အမှုဖွင့် အရေးယူ




ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော် မှာ Ear Phone တပ်ဆင်ထားတဲ့ သဏ္ဍာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာ တာနဲ့ ပက်သက်ပီး သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူလိုက်ပြီလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းကပြောပါတယ်။

“ဘားဖွင့်တာလဲ သိပ်မကြာသေးဘူး၊ အဲဒီနိုင်ငံခြားသားကို ခန့်တာလဲ နှစ်ပတ်ပဲရှိသေးတယ်၊ ပုံမှန်ရောင်းဝယ်နေကြရင်း ပရိုမိုးရှင်းလုပ်မယ်ဆိုပြီး သူ့ပြောတာကတော့ အခြားနိုင်ငံတွေမှာလဲ လုပ်နေတယ်၊ ထိုင်းမှာလဲလုပ်နေတယ်၊ဗုဒ္ဓရုပ်ပွားတော်နဲ့လုပ်တာ ခေတ်စားနေတယ်၊ အဲအတွက် လူစိတ်ဝင်စားအောင် ပရိုမိုးရှင်းလုပ်တာလို့ သူပြောတာပဲ” လို့စခန်းမှူးကဆိုပါတယ်။

အခုလိုဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastroရဲ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Philip တို့ကို ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က နဲ့ ဒီနေ့ည အမှုဖွင့်လိုက်ပြီလို့ စခန်းမှူး က ဆက်ပြောပါတယ်။

ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာ သုံးစွဲ ဖော်ပြခဲ့ခြင်းဟာ ဒေသန္တရအမိန့်ကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ နဲ့လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး အဲဒီဆိုင်အား ချိပ်ပိတ်သိမ်းဆည်း သွားရန် စီစဉ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားပုံတော်အားမလျော်ကန်စွာအသုံးပြုထားတဲ့ ကြော်ငြာပြန့်နှံ့ပြီးနောက် အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပုဂ္ဂိုလ်အချို့ အဲ့ဒီ့ဆိုင်ရှေ့ ကို ညနေပိုင်းမှာ ရောက်ရှိလာခဲ့တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းပေးခဲ့ရပါတယ်။

ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
https://www.facebook.com/DVBTVNews
ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ အသုံးပြုပြီး ပါတီပွဲကြော်ငြာတဲ့ သူတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့အမှုဖွင့် အရေးယူ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ အသုံးပြုပြီး ပါတီပွဲကြော်ငြာတဲ့ သူတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့အမှုဖွင့် အရေးယူ Reviewed by သစ်ထူးလွင် on 23:03 Rating: 5
Powered by Blogger.