မကွေးမြို့နယ်တွင် အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံးမှုဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၈

မကွေးမြို့နယ်၊ ကန်လေးကျေးရွာတွင် နိုဝင်ဘာ ၆ ရက် နံနက် ၁ဝ နာရီက လူတစ်ဦး အဆိပ်သောက်သေဆုံးနေကြောင်း အဆိုပါ ကျေးရွာခွဲတာဝန်ခံ ဦးတင်မြင့်၏ သတင်း ပေးချက်အရ မကွေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွေးကိုနှင့်အဖွဲ့ သွားရောက် စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဦးမောင်ဝင်း အသက် ၅၉ နှစ်၊ ထုံးပေါက် တောကျေးရွာ၊ မကွေးမြို့နယ်နေသူ ဖြစ်ဖြစ်ပြီး အဆိုပါ နေ့နံနက် ၈ နာရီက ကန်လေးကျေးရွာနေ ဦးသန်းဇော်သည် ယာခင်းထဲရှိနေစဉ် ၎င်းယာခင်းနှင့်ကပ်လျက် ဒေါ်မြရီ၏ ယာခင်းအတွင်းတွင် လူတစ်ဦး ညည်းညူသံကြားရဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဦးမောင်ဝင်းမှာ မှောက်လျက် အနေအထားဖြင့် ညည်းညူနေသည်ကို တွေ့ရှိရပြီး အနီးတွင် ဘီအီးအရက်ပုလင်းခွံတစ်လုံး၊ တံဆိပ်မပါ ပုလင်းခွံ တစ်လုံး၊ အရှည်ရှစ်လက်မခန့်နှင့် အချင်းလေးလက်မ
ခန့် အဖုံးမပါ ပလတ်စတစ် အဖြူရောင်ဘူးခွံတစ်ဘူး (ပိုးသတ်ဆေးနံရ) တို့အား တွေ့ရှိရသဖြင့် ဦးမောင်ဝင်း၏ အစ်မဖြစ်သူ ဒေါ်စိန်မြိုင်အား သွားရောက် ခေါ်ဆောင်ခဲ့သည်။

ဒေါ်စိန်မြိုင်၏ နေအိမ်သို့ သယ်ဆောင်လာခဲ့၍ ဦးမောင်ဝင်းအား ရဲဆေးစာဖြင့် မကွေးတိုင်း ဒေသကြီး ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့် ပက်သက်၍ မကွေးမြို့နယ်၊ မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁ဝ/၂ဝ၁၄) ဖြင့်
အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf


မကွေးမြို့နယ်တွင် အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံးမှုဖြစ်ပွား မကွေးမြို့နယ်တွင် အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံးမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 04:53 Rating: 5
Powered by Blogger.