ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်း ပြတ်နေသည့် လူသေအလောင်း ဓါတ်ပုံများ (ထိတ်လန့် တက်သူများ ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ မဇွမ်ယန် ကျေးရွာနေ မောင်ဖုတ်လော် ကွမ်ဂျာအောင် ဖြစ်ပါတယ်။

မောင်ဖုတ်လော် ကွမ်ဂျာအောင်ဟာ သူငယ်ချင်းများ ဖြစ်တဲ့ မောင်ဟိန်းမြင့်မိုးထွဋ် နဲ့ မောင်အင်မားခ တူဂျား တို့ နဲ့ အတူ အောက်တိုဘာလ(၃၁) ၃၁၊၁၀၊၂၀၁၄ ရက်နေ့ ည ၁၁း၀၀ နာရီ အချိန်မှာ တောက်ပကြယ် ကုမ္ပဏီ အတွင်း ရေမဆေးကျောက် သွားရှာရင် ပျောက်ဆုံး ခဲ့တာပါ။

ရေမဆေးကျောက် ရှာဖွေရင် သူငယ်ချင်းတွေနဲ့ ဝေးကွာသွားချိန်မှာ အဆိုပါ ကုမ္ပဏီက အလုပ်သမားတွေ လုပ်ကြံသတ်ဖြတ်လိုက် တယ်လို့ ယူဆရကြောင်း ဒီအမှုကို လေ့လာစုံစမ်းနေတဲ့ ဖားကန့် ဒေသခံ တဦးက  သစ်ထူးလွင် ကို ပြောပါတယ်။

အလောင်းကို မြေစာပုံ အတွင်း မြုပ်နှံထားရာမှာ ကုမ္ပဏီရဲ့ ဘတ်ဖှီးမှ မြေစာကော်တင်ကာ ဒန်ထရက်ထည် ကော်ထည့်ပြီး မဒန်ယန်လမ်းမပေါ် လမ်းခင်းရာမှာ ခြေထောက် ဖက်ကို စတင်တွေ့ ရှိ ခဲ့တာပါ။ အဲဒီ ဘတ်ဖှီး တူးဖော်ရာ နေရာအတွင်း ပြန်လည် တူးဖော်ရာမှာ အပိုင်းလေးပိုင်း ပြတ်နေတဲ့ ခန္ဓာကိုယ် အပိုင်း အစ တွေကို တွေ့ ရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

BY THIT HTOO LWIN

မောင်ဖုတ်လော် ကွမ်ဂျာအောင် ရဲ့ ခန္ဓာကိုယ် အပိုင်းအပိုင်း ပြတ်နေပုံ ဓါတ်ပုံများကို သီးခြား တင်ပြပေးထားပါတယ်။ ထိတ်လန့် တက်သူများ မကြည့်ရှုဖို့ မေတ္တာရပ်ခံပါတယ်။

ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 




ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်း ပြတ်နေသည့် လူသေအလောင်း ဓါတ်ပုံများ (ထိတ်လန့် တက်သူများ ၊ နှလုံးရောဂါရှိသူများ မကြည့်ရ) ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်း ပြတ်နေသည့် လူသေအလောင်း ဓါတ်ပုံများ (ထိတ်လန့် တက်သူများ ၊ နှလုံးရောဂါရှိသူများ မကြည့်ရ) Reviewed by သစ်ထူးလွင် on 04:44 Rating: 5
Powered by Blogger.