ပုသိမ်မြို့ ဆီဂိုဒေါင်ဇုန်ရပ်ကွက်၌ ဆီဂိုဒေါင်ထဲရှိ ဆီပုံးများ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှုဖြစ်ပွား

ပုသိမ် နိုဝင်ဘာ ၂၉

ပုသိမ်မြို့ အမှတ်(၁၃)နယ်မြေ ကင်မလင်းကျွန်း စက်မှုဇုန်အနီးရှိ ဆီဂိုဒေါင် ဇုန်ရပ်ကွက်အမှတ် M-51 နေ ဦးဝင်းကျော်(၅ဝနှစ်)၏ ဆီဂိုဒေါင်၌ နိုဝင်ဘာ ၂၇ ရက် ည ၉နာရီက စက်သုံးဆီဂါလန် ၂၈ဝဝ ပါရှိသော ဆီသယ်ယာဉ် ၉က/--- မှဆီတင်လုပ်သား မျိုးလှိုင်(၃၁နှစ်)သည် ဂိုဒေါင်ထဲက ဆီပုံးများသို့ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ပုသိမ်အမှတ်(၁)မီးသတ်စခန်းနှင့်အမှတ်(၂)မီးသတ်စခန်း၊ ကန်ကြီးထောင့်၊ ငပုတော၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းများနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ မီးသတ်ယာဉ်များအပါအဝင် မီးသတ်ကား ၁၂ စီး၊ ရေသယ်ယာဉ်သုံးစီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ် ၄ဝ အတွင်း မီးငြိမ်းသွားသည်။

အဆိုပါမီးလောင်မှုကြောင့် ဓာတ်ဆီဂိုဒေါင်တစ်လုံး၊ ဆီသယ်ယာဉ် ခေါင်းပိုင်းမီးလောင်ဆုံးရှုံးပြီး ဆီသယ်/တင်ချလုပ်သား ဦးလှငွေ (၆ဝနှစ်) ထိခိုက်ဒဏ်ရာရရှိသွားသည်။ ထို့ကြောင့် ပေါ့ဆစွာပြုလုပ်သူ ဆီသယ်လုပ်သား မျိုးလှိုင်ကို ဥပဒေအရ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ယင်းမီးလောင်မှု ဖြစ်ပွားခဲ့သော ဆီဂိုဒေါင်ဇုန်၌ ၂ဝ၁၂ ခုနှစ်က တစ်ကြိမ် ဆီသယ်ယာဉ်မှဆီဂိုဒေါင်တိုင်ကီထဲသို့ ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဆီဂိုထောင်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ပုသိမ်လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ပုသိမ်မြို့ ဆီဂိုဒေါင်ဇုန်ရပ်ကွက်၌ ဆီဂိုဒေါင်ထဲရှိ ဆီပုံးများ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှုဖြစ်ပွား ပုသိမ်မြို့ ဆီဂိုဒေါင်ဇုန်ရပ်ကွက်၌ ဆီဂိုဒေါင်ထဲရှိ ဆီပုံးများ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 03:35 Rating: 5
Powered by Blogger.