ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့၌ ဒိုင်ယာဇီပင်ထိုးဆေးပုလင်း ၇၃၁၀၀ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

နိုဝင်ဘာ ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု (၄၂) ရန်ကုန်အနောက်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်း ရိုးမစွမ်းအင်ကားဂိတ်တွင် Sedil Injection (ဒိုင်ယာဇီပင်)ထိုးဆေးပုလင်း ၂၆၈၇ဝ သိမ်းဆည်း ရမိမှုနှင့်ပတ်သက်၍ စစ်တွေမြို့မှ ဘသိန်းဆိုသူ ပို့လိုက်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ချက်အရ မူးယစ်တပ်ဖွဲ့စု (၄၇) စစ်တွေမှ စစ်တွေမြို့ မင်းဂံ ရပ်ကွက်ရှိ ရိုးမစွမ်းအင်ကုန်သိုလှောင်ရုံတွင် ဘသိန်းနှင့် သုံးဘီးဆိုင်ကယ်၊ မောင်းနှင်သူ ကျော်အေးလှိုင်တို့နှစ်ဦးအား Sedil(ဒိုင်ယာဇီပင်) ထိုးဆေးပုလင်း ၃ဝ၇၁ဝ ပုလင်း၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စစ်တွေမြို့ မြို့သူကြီးရပ်ကွက် သိန်းကမ္ဘာလမ်းနေ မပန်းမြဖြူ၏ နေအိမ်မှ Sedil (ဒိုင်ယာဇီပင်) ထိုးဆေးပုလင်း ၅ဝဝဝ တို့ကိုလည်းကောင်း၊ (ဒိုင်ယာဇီ ပင်)ထိုးဆေးပုလင်းများအား ရန်ကုန်မြို့တွင် လက်ခံရယူမည့် ရဲရင့်(ခ) ညီညီ (ခ)ချစ်ဦးကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်း ရိုးမစွမ်းအင်ကားဂိတ် အနီး၌ဖမ်းဆီးရမိပြီး ၎င်းငှားရမ်းထားသည့် မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် တော်ဝင်ပလာဇာ (ပ)ထပ် ဆိုင်ခန်းအမှတ် (၁ဝ၈)မှ Sedil (ဒိုင်ယာဇီပင်)ထိုးဆေးပုလင်း ၁ဝ၅၂ဝ ပုလင်းတို့ကို လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည်။

ဒိုင်ယာဇီပင် ထိုးဆေးများမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ၂ဝဝ၂ ခုနှစ် ဇွန်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂ဝဝ၂ ဖြင့် ထုတ်ပြန်ထားသည့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဖြစ်ပြီး အဆိုပါထိုးဆေးပုလင်း ၇၃၁ဝဝ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဘသိန်း(၃၆ နှစ်)၊ ကျော်အေးလှိုင် (၃ဝနှစ်)၊ မပန်းမြဖြူ (၆ဝနှစ်)နှင့် ရဲရင့်(ခ) ညီညီ(ခ)ချစ်ဦး (၃၂ နှစ်) တို့လေးဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့၌ ဒိုင်ယာဇီပင်ထိုးဆေးပုလင်း ၇၃၁၀၀ ဖမ်းဆီးရမိ ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့၌ ဒိုင်ယာဇီပင်ထိုးဆေးပုလင်း ၇၃၁၀၀ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 03:33 Rating: 5
Powered by Blogger.