ကမ္ဘာ့အန္တရာယ် အရှိဆုံး အမျိုးသမီးအကြမ်းဖက် သမားကို ရုရှားလက်ဖြောင့် သမားက ယူကရိန်းနိုင်ငံ တွင် အသေပစ်သတ်နိုင်ခဲ့

လန်ဒန် ၊ ၁၄-၁၁-၂၀၁၄

ကမ္ဘာ့ အန္တရာယ် အရှိဆုံး အမျိုးသမီး အကြမ်းဖက် သမားအဖြစ် တင်စားခြင်း ခံရသည့် ဗြိတိန်နိုင်ငံသူ တစ်ဦးကို ရုရှား လက်ဖြောင့်သမား တစ်ဦးက ယူကရိန်းနိုင်ငံ အတွင်း အသေပစ်ခတ် နိုင်ခဲ့ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် နိုဝင်ဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။

ဆမန်သာ လျှူဝေသီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် ''လူဖြူမုဆိုးမ'' ဟု တင်စားခြင်း ခံထားရပြီး ဗြိတိန်နိုင်ငံ က အလိုရှိ ဆုံးသော အကြမ်းဖက် သမားတစ်ဦး ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆမန်သာ သည် အာဖရိက နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ် အတွင်းက ယူကရိန်းနိုင်ငံ အတွင်း ရုရှား လက်ဖြောင့် တပ်ဖွဲ့ဝင် တစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သူမသည် ယူကရိန်း စစ်ဘက်၏ အပျော်တမ်း တပ်ဖွဲ့တွင် ပါဝင် တိုက်ခိုက် နေစဉ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား သတင်း အေဂျင်စီ တစ်ခုဖြစ်သည့် ရက်ဂ်နမ် က ဖော်ပြ ခဲ့သည်။

ဆမန်သာသည် မြောက် အိုင်ယာလန် နိုင်ငံတွင် မွေးဖွား ခဲ့သူ တစ်ဦးဖြစ်ပြီး စစ်မှုထမ်း ဟောင်း တစ်ဦး၏ သမီး ဖြစ်ကြောင်း၊ သူမသည် အကြမ်းဖက် သမားတစ်ဦး ဖြစ်သူ ဂျာမိန်းလင်းဆေး နှင့် လက်ထပ်ပြီး နောက်တွင် ဗြိတိန်နိုင်ငံ အတွင်းမှ ၂ဝဝ၉ ခုနှစ်တွင် ထွက်ခွာ၍ အာဖရိကတိုက် သို့ သွားရောက် ခဲ့သည်။

သူမသည် မသေဆုံးမီ အချိန်တွင် ဆီးရီးယား နိုင်ငံအတွင်း ရှိ ISIS စစ်သွေးကြွ များဘက်မှ ပါဝင် တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးများ ကိုလည်း အသေခံ ဗုံးခွဲ တိုက်ခိုက်နည်း များကို သင်ကြားပေး ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_14.html

White Widow Samantha Lewthwaite 'trains ISIS suicide bombers in Syria'

Shot dead? Samantha Lewthwaite was reportedly killed by a Russian sniper

ကမ္ဘာ့အန္တရာယ် အရှိဆုံး အမျိုးသမီးအကြမ်းဖက် သမားကို ရုရှားလက်ဖြောင့် သမားက ယူကရိန်းနိုင်ငံ တွင် အသေပစ်သတ်နိုင်ခဲ့ ကမ္ဘာ့အန္တရာယ် အရှိဆုံး အမျိုးသမီးအကြမ်းဖက် သမားကို ရုရှားလက်ဖြောင့် သမားက ယူကရိန်းနိုင်ငံ တွင် အသေပစ်သတ်နိုင်ခဲ့ Reviewed by သစ်ထူးလွင် on 17:57 Rating: 5
Powered by Blogger.